Arc 7 အပိုင်း {၁၅၁} (Z+U)

7K 1.1K 104
                                    

တားရော့ ဂိမ်း (၁)

UNICODE

ရှဲ့ချီ သူ့အိုင်တမ်များကို ပြန်သိမ်းပြီးသွားသောအခါ ယွမ့်ဇျဲနှင့် ယန်ကျင်းကို နှုတ်ဆက်စကားပြောလိုက်ပြီး ပြန်လာခဲ့သည်။ သူ တံခါးမှထွက်သွားလိုက်သည့် အချိန်တွင် ယွမ့်ဇျဲဆီမှ မက်ဆေ့ဂျ်တစ်စောင် ရလိုက်သည်။ ရှဲ့ချီ အံ့ဩသွားရသည်။ ဘာကိစ္စ ယွမ့်ဇျဲက လူကိုယ်တိုင်မပြောရတာလဲ။

စခရင်န်ပေါ်တွင် ယွမ့်ဇျဲက အကောင်းဘက်ရောက်သည့် စာတစ်ကြောင်းပို့ထားသည်။

ယွမ့်ဇျဲ: [ရှဲ့ချီ ငါလည်းသွားမယ်။]

ရှဲ့ချီ မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ [ငါနဲ့အတူ အန္တရာယ်တောထဲလိုက်စရာ မလိုပါဘူး။]

အမှန်တိုင်းပြောရရင် ရှဲ့ချီလည်း သိပ်တော့မသေချာပေ။ အနိုင်ရနိုင်​ခြေ လုံးဝမရှိနေတာတော့ မဟုတ်ပေ။ သူ့တွင် တိုက်ခိုက်နိုင်မည့် အခွင့်ရေးတော့ ရှိသည်။ ယွမ့်ဇျဲကိုပါ ဒီတောထဲဆွဲမသွင်းချင်မိရုံသာပင်။ ယွမ့်ဇျဲက အတူလိုက်လာပေးစရာမလိုပေ။ ယွမ့်ဇျဲက ဇာတ်ကားနှစ်ကား ထပ်ရိုက်ပြီးလျှင် ကောင်းကောင်းစုပြီးသွားပြီး အေးအေးဆေးဆေး ဆက်သွားကာ သူ့ညီမလေးနှင့် ထွက်သွား၍ရသည်။ ထိုသည်ကသာ သူသွားသင့်သည့် လမ်းဖြစ်သည်။

ယွမ့်ဇျဲ အတော်ကြာအောင် တိတ်နေသည်။ ရှဲ့ချီမှာ သူလက်လျှော့သွားအောင် နားချနိုင်လိုက်ပြီဟုတွေးကာ ဖုန်းကို ချထားလိုက်ရန်ပြင်သည်။ ထို့နောက် ယွမ့်ဇျဲဆီမှ စာအရှည်ကြီး ရလာလေသည်။ စာပိုဒ်တစ်ခုလုံးမှာ ပုဒ်ဖြတ်ပုဒ်ရပ်မှန်ကန်ပြီး သပ်ရပ်လှသည်။ ယွမ့်ဇျဲ အချိန်အတော်ကြာအောင် တည်းဖြတ်ထားသည်မှာ သိသာလှသည်။

[ဂူသင်္ချိုင်းတောအုပ်မှာ ရှန်ယိတစ်ယောက်တည်း သေသွားတဲ့ မြင်ကွင်းကို ငါတွေ့ခဲ့တယ်။ တကယ်တော့လေ ငါ့အရင်ဆုံး တုံ့ပြန်မှုက လန့်သွားတာ နှမြောသွားတာ မဟုတ်ဘူး။ ငါ မင်းကိုတွေးမိလိုက်တာ။ မင်းက ရှန်ယိအပြီးမသတ်သွားတဲ့ လမ်းကိုလျှောက်နေတာ။ ငါသာ မင်းနဲ့အတူလိုက်မဝင်မိရင် နောက်လဝက်လောက်ကြာရင် ဒါမျိုးနဲ့တူတဲ့ ဗီဒီယိုတစ်ခုကို ငါ ယန်ကျင်းဆီကနေ ရလာလောက်မယ်။ ဗီဒီယိုထဲမှာ မင်းကို Pet တွေက ဝိုင်းတိုက်ပြီး သတ်ပစ်လိုက်ကြတယ်။ မင်းမှာ သွားစရာမရှိတော့ဘဲ ရှန်ယိရဲ့ဓားကိုပဲ ကိုင်ထားလိမ့်မယ်။ ငါ မင်းကိုမကူညီနိုင်ရင်တောင်မှ လူသူမရှိတဲ့တောအုပ်ထဲမှာ မင်းတစ်ယောက်တည်း တိုက်ခိုက်နေရတာမျိုး ငါမဖြစ်စေချင်ဘူး။ အနည်းဆုံးတော့ ငါလိပ်ပြာလုံမယ်လေ။ လီဟောက်က ရှန်ယိရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာကို ပရိသတ်တွေအကုန်လုံးနဲ့ သရုပ်ဆောင်တော်တော်များများ သိတယ်လို့ ယန်ကျင်းက ပြောတယ်။ ဒါပေမဲ့ လီဟောက်က Pet ဖြစ်နေပြီး ရှန်ယိကို သစ္စာဖောက်သွားတယ်လေ။ ငါကတော့ အဲ့လိုလုပ်မှာမဟုတ်ဘူး။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now