Arc 7 အပိုင်း {၁၆၈} (Z+U)

5.3K 1K 138
                                    

UNICODE

တားရော့ ဂိမ်း (၁၈)

    [ ဝိညာဥ်အမိဖမ်းမြားက အသင့်ဖြစ်သလောက်ပဲ။ ပုန်းနေရင်တောင်မှ ရှဲ့ချီကတော့ သွားပြီ။ ဝိညာဥ်အမိဖမ်းမြားက ကမ္ဘာဆုံးထိပြေးရင်တောင် အမိလိုက်ဖမ်းတယ်လို့ ပြောကြတယ်မလား။]

[အဲ့တော့ မီးရှို့လိုက်တာကောင်းတယ်။ ရှဲ့ချီသာ အသေပစ်သတ်ခံလိုက်ရပြီး ကျန်းရှော့ဝင်လာရင် သော့ချက်စာရွက် သဲလွန်စကို အေးဆေးရသွားမှာပေါ့။]

        ရှဲ့ချီသည် ရသေ့နှင့် စကားမပြောတော့ပေ။ ရသေ့တွင် သူဖျက်စီးလိုက်သော စာရွက်မှလွဲ၍ ကျန်သတင်းများမရှိတော့ပေ။ တားရော့ ပြန်လည်မွေးဖွားခြင်း လမ်းစဥ်မှာ ကစားပွဲတစ်ခုဖန်တီးရသည်အထိ တမူထူးနေသည့်တိုင် စတေးခံများအတွက် ကစားပွဲ၏ စည်းကမ်းများ အပြည့်အစုံကို ချမရေးထားခဲ့ပေ။

        အားလုံးကို ဂိမ်းထဲတွင် ဝှက်ထားပြီး စတေးခံများသည် သူတို့ကိုယ်တိုင် စူးစမ်းကာ လိုက်ရှာရမည်ဖြစ်သည်။

        ရသေ့မှာ စိတ်ငြိမ်သွားပြီး ပြီးခဲ့သည့်ကိစ္စအကြောင်း ပါးစပ်ပိတ်ကာ ဘေးပတ်လည်ကို လက်ညှိုးထိုးပြလိုက်သည်။ "ဒီအခန်းက အရင်က ငါနေဖို့ရွေးခဲ့တာလေ။ သေသွားတော့ ဒါက နောက်ကစားသမားတွေအတွက် ခဏဘေးကင်းရာ ဖြစ်လာတယ်။"

        ရှဲ့ချီသည် ရလာသည့်သတင်းကို ဆန်းစစ်ရင်း လွတ်မြောက်ကာ အသက်ရှင်နိုင်မည့် နည်းလမ်းကို လိုက်ရှာနေခဲ့သည်။ ထိုသည်ကို ကြားလိုက်ရပြီးနောက် မေးလိုက်သည်။ "ကျန်တဲ့ အခန်းနှစ်ခန်းကရော။"

        ရသေ့သည် ရှားရှားပါးပါး စိတ်အေးသက်သာစွာ ပြုံးပြလာသည်။ "နတ်ဆိုးကတ်ပေါ်က နတ်ဆိုးရှိနေတယ်။ ပြောရရင် ငါကိုယ်တိုင်က ခေါ်လာတာမှ မဟုတ်ဘဲ သော့ခတ်ထားတဲ့ အခန်းတစ်ခန်းခန်းကို ဝင်လိုက်တာနဲ့ နတ်ဆိုးနဲ့ တွေ့ကြရလိမ့်မယ်။"

**************

        "ကယ်ပါအုံး!!"

        အခန်းအပြင်ဖက်တွင် ကျန်းရှော့သည် ကူယွီ၏ အော်သံကို ကြားလိုက်ပြီး ချက်ချင်းပင် လေဟာနယ်ဒူးလေးကို ​သုံးကာ အမှောင်ထဲဆီသို့ မြားတစ်စင်းပစ်လိုက်သည်။ မြောက်မြားစွာသော ​မြားနက်များကို အခန်းထဲရှိ မကောင်းဆိုးဝါးဆီသို့ ပစ်ခွင်းလိုက်ပြီး သံထည်တစ်ခုခုနှင့် တိုက်မိသံများ ပေါ်ထွက်လာသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Où les histoires vivent. Découvrez maintenant