Arc 3 အပိုင်း {၄၇} (Z+U)

7.7K 1.6K 193
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၂)

UNICODE

ပြိုင်ဆိုင်မှု ရသစုံရှိုး "ခြောက်ခြားရာ အစုံအလင်" သည် ရုပ်ရှင်ရုံများတွင်မပြသပေ။ ပရိသတ်များသည် ရုပ်ရှင်ကြည့်ရန်အတွက် လက်မှတ်ဝယ်စရာမလို။ ပရိသတ်များအားလုံးကြည့်ခွင့်ရှိပြီး ဘာကန့်သတ်ချက်မှုမှမရှိဟု ပြောနိုင်သည်။ ပရိသတ်များသာ စိတ်ဝင်စားပါက သူတို့ ဖုန်းများကိုဖွင့်ကာ ခြောက်ခြားစရာအစုံအလင် အစီအစဥ်ကိုနှိပ်လိုက်ပြီး လိုင်းပေါ်တွင် တိုက်ရိုက်ကြည့်နိုင်သည်။

App ၏ ဒေတာအရ ခြောက်ခြားစရာအစုံအလင် အပိုင်းတိုင်း၏ ပရိသတ်များမှာ ၈၀,၀၀၀ ဝန်းကျင်ခန့်ရှိသည်။ ဒီကြားကာလအတွင်းရှိ သစ်ထွန်းဖူးပေါက်စ အရည်အချင်းရှိသူများမှာပို၍ ခံနိုင်ရည်ရှိကာ ပရိသတ်များကို ပိုဆွဲခေါ်နိုင်ပါက ကြည့်ရှူသူများလည်း ပိုများလာမည်ဖြစ်သည်။

သရဲတော်တော်များများ အတူတူထိုင်နေကြကာ ဖရဲစေ့စားနေရင်း ပြောဆိုနေကြသည်။ "ဒီအပိုင်းက အယောက် ၁၀၀,၀၀၀ ကျော်တယ်ဟ။"

"ဒါက ​ခြောက်လအတွင်း နာမည်အကြီးဆုံးပဲမလား။"

"ဟုတ်တယ်။ ငါ အပိုင်းတိုင်းကြည့်ဖြစ်တယ်။ ဒီတစ်ခေါက် အရည်အချင်းရှိတဲ့ လူသစ်တွေအများကြီးပဲ။ ငါ အကုန်လုံးကို Follow ထားတယ်။"

"ဟုတ်တယ်။ ငါက ယွမ့်ဇျဲရဲ့ Fan။ ဟားဟားဟား သူ့ညီမလေးက အရမ်းချစ်ဖို့ကောင်းတာ။ ဂုဏ်ဆာတတ်ရက်နဲ့ နူးညံ့တဲ့ ကလေးမလေး။ အဲ့လိုလေးက မိုက်တယ်မလား။ ယွမ့်ဇျဲလည်း Fan ရတာမြန်တယ်။ ကြည့်ရတာ ဒီကိုလာသမျှ သစ္စာရှိတဲ့လူတွေအကုန် သူယူသွား​တော့မယ်ထင်တယ်။"

"ဟားဟား ဖူးသစ်စလူသစ်တွေ အချင်းချင်း ဖားနေကြတာ။ ဘယ်သူက အဖားနိုင်ဆုံးလဲ ကြည့်ရအောင်။"

"ကြည့်ရတာ ပထမနေရာက သေချာပေါက် ယိုကျင်ပဲ ရမယ်ထင်တယ်။" သရဲတစ်ကောင်က သူ့အသံအား ထူးခြားသည့်လျှို့ဝှက်ချက်ကို ပြောနေသည့်အလား တိုးလိုက်သည်။ "ငါကြားတာတော့ ဧည့်သည်တွေထဲက တစ်ယောက်က တတိယတန်းစားဖြစ်သွားတဲ့ ယိုကျင်ရဲ့ အမေတဲ့။ "

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now