အပိုင်း {၄၅} (Z+U)

8.1K 1.6K 72
                                    

ဖိတ်ကြားချက်

UNICODE

   ယန်ကျင်း သူကြားလိုက်ရသည်ကို မယုံကြည်နိုင်စွာ ရှဲ့ချီကို စိုက်ကြည့်နေမိသည်။ "အစ်ကို ခုနက ပြောလိုက်တာ..."

    သူ လုဝမ်ကို လှမ်းကြည့်မိတော့ ပြုံးပြကာ ခေါင်းငြိမ့်ပြသည်။ "မင်းအစ်ကိုရှဲ့က သဘောတူလိုက်ပြီ။"

    ယန်ကျင်း၏ အမူရာမှာ ချက်ချင်းပင် တောက်ပသွားပြီး မျက်လုံးထဲ၌ ဝမ်းသာမှုများ ပြည့်သွားသည်။  လုဝမ်ကို ခိုးကြည့်လိုက်ပြီး သူမြင်ရနေတုန်းအချိန်တွင် မျက်တောင်များကို အသားကုန် ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။ "သူသဘောတူတာကြားလိုက်လား။ ကြားလိုက်လား။ ကြားလိုက်လားလို့။"

    လုဝမ်က မနိုင်သည့်ဟန်နှင့် ခေါင်းငြိမ့်​ပြသည်။

    ရှဲ့ချီသည် သူ့အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ကာ လက်မှကြယ်သီးစေ့များကိုလည်း သေချာတပ်လိုက်ပြီး လေးနက်စွာနှင့် ယန်ကျင်းဆီသို့ လက်ဆန့်ပေးလိုက်သည်။ "ဒီလောက်ဆို ပိုပြီး ယုံချင်စရာကောင်းပြီလား။"

    ယန်ကျင်းသည် ထိုအလွန်လှပသည့်လက်များကို အကြာကြီး ကြည့်လိုက်ပြီးမှ သဘောပေါက်သည်။ သူ့နှာခေါင်းထိပ် နည်းနည်းလေး စူးရှရှဖြစ်လာပြီး ရှဲ့ချီက နောင်တရမည်စိုးသည့်အလားအမြန်ပင် ရှဲ့ချီနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

    ရှဲ့ချီလည်း မနိုင်သည့်ဟန်နှင့် ရယ်ပြန်သည်။

    တိုတောင်းသည့်သုံးမိနစ်တာ ကုန်လွန်သွားပြီးနောက် ယန်ကျင်း၏ အမြင်အာရုံသည်လည်း ပြန်၍ မဲမှောင်သွား​တော့သည်။ သို့သော် ထိုဖြူဖွေး နွေးထွေးသည့်လက်များကိုဖြင့် သူ မှတ်မိနေသေးသည်။ သူ့တွင် အပေါင်းဖော်နှင့် အလုပ်ကြိုးစားရန် အားတက်မှုတို့ ရှိနေပြီဖြစ်သည်။

    "အစ်ကို" ယန်ကျင်း ရုတ်တရက် နည်းနည်း ရှက်သွားရသည်။ "ကျွန်တော် လုပ်စရာရှိတာ အရင်လုပ်ထားဖို့ သွားလိုက်ဦးမယ်။ မဟုတ်ရင် အရှက်ကွဲလိမ့်မယ်။ တစ်ခုခုဆိုရင် App ကနေပြီးဆက်သွယ်နော်။ ကျွန်တော် ချက်ချင်း လာခဲ့မယ်။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now