Arc 3 အပိုင်း {၅၅} (Z+U)

9.3K 1.8K 415
                                        

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၀)

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၀)

UNICODE

ရှဲ့ရှင်းလန် ပြောလိုက်သည်။ "မင်း အီစီကလီလုပ်နေပေမဲ့ သရဲမက အခု မကြားရဘူးလေ။ ကိုယ်က ကြားရတယ်။ အဲ့ဒါကြောင့် ကိုယ်နဲ့ အီလေ။ ဟုတ်ပြီလား။ "

ရှဲ့ချီက လူလည်ကျစွာပြောသည်။ "ကိုကို၊ ကျွန်တော် မှားပါတယ်။ ကျွန်တော် နှစ်ယောက်အတူတူကမှ တုနှိုင်းမရတဲ့ ကြည်နူးစရာ အချစ်​လေးပါ။"

ရှဲ့ရှင်းလန် ခပ်ဖွဖွရယ်သည်။ "မင်းရဲ့ ပါးစပ်​ပေါက်ကလေးက တော်တော်ချိုတာပဲ။"

"အဲ့ဒါဆို နမ်းကြည့်ချင်လား။" ရှဲ့ချီ လူမိုက်ပြုံး ပြုံးကာ သူ့မျက်ခုံးကို နည်းနည်း ပင့်ပြလိုက်သည်။

ရှဲ့ရှင်းလန် "......"

ပြဇာတ်ရုံကြီးကို စွန့်ပစ်ထားသည်မှာ တစ်နှစ်ခွဲကြာခဲ့ပြီ ဖြစ်သည်။ ပင့်ကူအိမ်များနှင့် ဖုံးနေပြီး ပြတင်းဘောင်နှင့် ကြမ်းပြင်ပေါ်တွင် ဖုံထည်အထူကြီးရှိနေသည်။ ကနဦးက ခမ်းနားသော ပုံစံကို လုံးဝ မမြင်နိုင်တော့ပေ။

သူ့ခြေထောက်အောက်က နီရဲတောက်နေသော ကော်ဇောမှာ စုတ်ပြတ်နေသော စတိတ်စင်ကို ဦးတည်သွားသည်။ အနီရင့်ရင့် သွေးစက်များနှင့် စွန်းပေနေပုံပေါ်သည်။ ရှဲ့ချီမှာ အနီရောင် ကောဇောအတိုင်း လျှောက်သွားလိုက်ပြီး ကြွက်တစ်ကောင်ကို ခြောက်မိလိုက်ပုံပေါ်သည်။ ပြဇာတ်ရုံထဲတွင် ရုတ်တရက် လှုပ်ရွရွအသံပေါ်လာသည်။

၁၀:၁၇ တွင် ခေါင်းလောင်းသံများ ပြဇာတ်ရုံထဲတွင် အတော်ကြာအောင် မြည်နေပြီး သူ့အခန်းဖော်များ ပြောခဲ့သည့်မြင်ကွင်းလည်း ဖြည်းဖြည်းချင်း ရှဲ့ချီ ရှေ့တွင် ပေါ်လာသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Où les histoires vivent. Découvrez maintenant