အပိုင်း {၁၇၉}ဇာတ်သိမ်းပိုင်း(Z+U)

6.3K 991 183
                                    

        

ရင်ခွင်၌ဝယ်

UNICODE

ကိစ္စအားလုံး ပြီးလေ​ပြီ။ ရှဲ့ချီသည် သူနှင့် အသားကျပြီးသား အိမ်သို့ ပြန်လာပြီး တံခါးကို ပိတ်ကာ သူ့ဖုန်းကို ထုတ်လိုက်သည်။ သူ၏ ဖုန်းစခရင်န်ထက်ရှိ ကျန်ရှိနေသေးသော တစ်ခုတည်းသော လိုအင်ဆန္ဒကို စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်ပြီးမှ ပြုံးလိုက်သည်။

ထို့နောက် 'လဲလှယ်ရန် အတည်ပြု' သည့် ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် ဖုန်းကို သားရေဆိုဖာပေါ်သို့ ပစ်ချလိုက်ပြီး သူ၏ ရှပ်အင်္ကျီရှိ အပေါ်ဆုံး ကြယ်သီးကို ဖြုတ်လိုက်သည်။

အတိတ်က ဆုံးခန်းတိုင်ခဲ့လေပြီ။ ရှဲ့ရှင်းလန်နှင့် တွေ့ရန် စိတ်ကို ပြင်ဆင်ပြီး ဖြစ်သောကြောင့် စိတ်ထဲ သက်သောင့်သက်သာ ဖြစ်နေသည်။ သူတို့ အတူကုန်ဆုံးခဲ့ရသည့် အချိန်ကာလ တိုတောင်းသည့်တိုင် အရူးအမူး အလျင်စလိုဖြစ်မှုကို သူ ထိန်းနိုင်ခဲ့သည်။

အခုတော့ ရှဲ့ရှင်းလန်သည် လုံးဝ သူ့အပိုင် ဖြစ်လေပြီ။

တစ်စက္ကန့်လောက် ဒါတွေက အမှန်တကယ်မဟုတ်သလို ရှဲ့ချီ ခံစားလိုက်ရသည်။ ထို့နောက် သူ့ခေါင်းကို ဘေးသို့ ငဲ့ကြည့်လိုက်သောအခါ ရှဲ့ရှင်းလန်မှာ သူ၏ ခန္ဓာကိုယ်နှင့် နေသားကျအောင် လုပ်နေသည့်အလား ဆိုဖာပေါ်တွင် ထိုင်နေပြီးဖြစ်သည်။

အလွန်ကျယ်လှသော ဆိုဖာဖြစ်သော်လည်း ရှဲ့ရှင်းလန်၏ ခြေထောက်များမှာ ဆန့်ထုတ်စရာ နေရာမရှိသလိုပင်။ ရှဲ့ချီ၏ ဦးဆုံး တုံ့ပြန်မှုမှာ ဆိုဖာ အသစ်လဲဖို့ အချိန်တန်ပြီ ဟူ၍ ဖြစ်သည်။ ထို့နောက် ရယ်မိသွားလေသည်။

ရှဲ့ရှင်းလန် မေးလိုက်သည်။ "ဘာတွေပြုံးနေတာလဲ။"

ရှဲ့ချီသည် ရှဲ့ရှင်းလန်၏ ခြေထောက်ကြားထဲသို့ သွားလိုက်ကာ မျက်တောင်ခတ်လိုက်သည်။ "မော့ပါအုံး။"

ရှဲ့ရှင်းလန်မှာ နည်းနည်း အံ့ဩသွားရပြီး ပြောသည့်အတိုင်း မော့ကြည့်လိုက်သည်။ ရှဲ့ချီသည် ခါးကိုငုံ့ကာ သူ၏ မျက်နှာကို ကိုင်လျက် သူ၏ ဘယ်နှင့် ညာ နှုတ်ခမ်းထောင့်များကို နမ်းလိုက်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now