Arc 4 အပိုင်း {၉၄} (Z+U)

6.1K 1.6K 237
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၆)

UNICODE

[ဘာလို့လဲ။ ဒီအိုင်ကျူက ဘာကြီးလဲ။]

[အမှန်တိုင်းပြောရရင် ငါ နားမလည်လိုက်ဘူး။ ကိစ္စတွေ ပြောင်းလဲ​သွားတာ မြန်ချက်ပဲ။]

[သူက ဘာလို့ ကလေးကို ဖိခြေပစ်ရတာလဲ??!]

[ငါ ရင်တွေတုန်လိုက်တာ။ ဘယ်လိုဖြစ်ဖြစ် သားချီ အဆင်ပြေလို့သာပဲ။ မင်းအမေခမျာ သေအောင်လန့်သွားရတယ်။]

အခန်းထဲတွင် အလွန်အင်မတန် အစွမ်းထက်သော တိရစ္ဆာန်ခြောက်ကောင် ပေါ်လာသည့်အချိန်တွင် ညီအစ်မနှစ်ယောက်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေလေတော့သည်။

ယွမ့်ဇျဲက ပြောင်းလဲသွားသည်ကို သိလိုက်ပြီး အားနည်းနေသည့် လုဝမ်ကို ကူထူပေးလိုက်သည်။ ရှယောင်သည်လည်း တတိယထပ်မှ ဆင်းလာလေသည်။ သူတို့ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်နေကြရင်း အံ့ဩကာ ဆွံ့အသွားကြသည်။ ရှဲ့ချီ၏ ဘေးတစ်ဖက်စီတွင် တိရစ္ဆာန်သုံးကောင်စီရှိနေသည်။ သူက အလယ်တွင် ဖြစ်သည်။ သူက ပင်မဖြစ်ပြီး မလိုက်ဖက်မှုနည်းနည်းလေးမှမရှိဘဲ ပိန်သွယ်ကာ လှပ​နေလေသည်။

ညီအစ်မနှစ်ယောက်သည် လူတစ်ယောက်နှင့် တိရစ္ဆာန်ခြောက်ကောင်ဆီမှ ထွက်လာနေသော ကြီးမားသည့် ဖိအားအောက်တွင် ဒူးထောက်ကျသွားကြသည်။ သူတို့၏ မျက်နှာများမှာ တော်တော်တူကြသည်။ သူတို့တွေက တစ်ထပ်တည်းတူသော အမြွှာများဖြစ်ကြသည်ကိုး။ မတူညီသော အမြွှာနှစ်ယောက်မှာ ကိုယ်ချင်းဆက်ကလေးများ မဖြစ်နိုင်ကြ။ အကြောင်းမှာ မတူညီသော အမြွှာများသည် သီးခြား မျိုးအောင်ပြီးဥနှစ်လုံးထံမှဖြစ်ပြီး သူတို့၏ ကိုယ်ပိုင် အချင်းရှိလေသည်။

တစ်ဖက်တွင် ထပ်တူညီသော အမြွှာများမှာ တူညီသော မျိုးအောင်ပြီးဥဆီမှ လာခြင်းဖြစ်သည်။ သန္ဓေသားနှစ်ခုအဖြစ်သို့ ခွဲထွက်ကြသည့်အချိန်တွင် မျိုးအောင်ပြီးဥမှာ လုံးဝမခွဲထွက်နိုင်သွားသည်များရှိတတ်သည်။ အချို့နေရာများတွင် ကပ်နေဆဲဖြစ်ပါက ကိုယ်ချင်းဆက်အမြွှာများ မွေးဖွားလာမည်ဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now