အပိုင်း {၁၇၅} (Z+U)

4.6K 957 171
                                    

     UNICODE

သရုပ်ဆောင်

   သရုပ်ဆောင်များ အားလုံး၏ ဖုန်းများ အသံမြည်လာသည်။

[လူတို့သည် ဆန်းကျယ်မှုများနှင့် ပြည့်နေကာ လိုအင်ဆန္ဒသည် အတောမသတ်နိုင်အောင် ရှိလေကြပြီး ဘဝသည်ကား ထိုသည်ထက်ပင် ပိုလွန်သေးလေသည်။ အသက်ရှင်ကျန်ရစ်သူများ အားလုံးကို ဂုဏ်ပြုပါတယ်။ ဒီလို ဝေဝါးလှတဲ့ တားရော့ဂိမ်းမှာ သင်တို့ရဲ့ ပြည့်စုံမှုကို ရှာတွေခဲ့ကြပါပြီ။]

[ဇာတ်ကား 'တားရော့ ဂိမ်း' မှာ ပြီးပြည့်စုံစွာ ဇာတ်သိမ်းခဲ့ပါပြီ။]

************

[ဝိုးး ဒီဇာတ်သိမ်း!! အားးးးး အရမ်း ပြည့်စုံလွန်းတယ်။ ငါတကယ် ကြိုက်တယ်။]

[ထာဝရ နတ်ဘုရားချီကွ ဝူးဝူးဝူး။ သူက နောက်ဆုံး ရှင်ကျန်နေရစ်မဲ့သူလို့ ငါ ပြောသားပဲ။]

[ဝူးဝူးဝူး မေမေက သားကိုလေ တစ်ခါမှ သံသယမဖြစ်ဖူးဘူး။ ငါ အရမ်း ဂုဏ်ယူလိုက်တာ။]

[ဒီနှစ် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး ချောက်ချားစရာဇာတ်ကားပဲ။ နှစ်ခေါက်၊ သုံးခေါက်လောက် ပြန်ကြည့်ရအောင် ငါ ဘွတ်ကင်ချိတ်ပြီးသွားပြီ။]

[ရှဲ့ချီက တကယ်ကို တော်လွန်းတယ်။ ငါလုံးဝ ယုံသွားပြီ။ နောက်ကျလဲ သူ့ရဲ့ အကောင်းဆုံးလက်ရာတွေကို မျှော်နေပြီ။]

[သမိုင်းမှာ ကာလအတိုဆုံး ဇာတ်ကားဧကရာဇ် ကျန်းရှော့။ ငါ အဆင်ပြေတယ်။ ငါ အဆင်ပြေတယ်။]

[ဟီးဟီး၊ အနည်းဆုံးတော့ ကျန်းရှော့က ဇာတ်ကားဧကရာဇ် ဖြစ်သွားသေးတယ်လေ။ ရှဲ့ချီကတော့ ဇာတ်ကားဧကရာဇ် မဖြစ်ခင် အသတ်ခံရနိုင်တာပဲ။]

[ကျန်းရှော့ ဖန်တွေက ကျိန်စာတောင် စတိုက်နေပြီလား။ ဟားဟားဟား တခြားသူက ပိုကောင်းတာကို ဝန်ခံရခက်နေတာလား။]

[မြန်မြန် ခြုံငုံသုံးသပ်ချက် လုပ်ပါတော့။ အားးးး တစ်ခါတည်း ဇာတ်ကားကို အဆင့်မြှင့်ပေးရင်း သူဇာတ်ကားဧကရာဇ် ဖြစ်သွားမှ ဒီခွေးအုပ်စုက လုံးဝပျောက်သွားမှာ။]

[စကားမစပ် ကျန်းရှော့ရဲ့ နောက်ဆုံးမျက်နှာထားက ထူးဆန်းတယ်လို့ မထင်ဘူးလား။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now