Arc 2 အပိုင်း {၃၃} (Z+U)

6.3K 1.6K 151
                                    

            ဖုတ်သရဲ ချစ်သူ အပိုင်း (၁၆)

UNICODE

[ဖား ဗိုက်ဆာလို့ အသားလေးချက်စားပြီး သောက်လိုက်ဦးမယ်လို့ပြောနေတာကို။]

[ဟားဟားဟား လူကြီးမင်းက တစ်ခါတည်း သွေးကန်ထဲရောက်သွားခဲ့တာပဲ။]

[ကောင်းလိုက်တဲ့ မကောင်းတဲ့တံခါးပဲ။]

[ဘာလို့ ကျန့်လိနူရဲ့ လက်တွေကိုဖြတ်တော့ သူ့ဟာကလွဲပြီး ကျန်တဲ့သူတွေရဲ့ ပုံရိပ်ယောင်လောက ကမပျက်စီးတာလဲ။ လူကြီးမင်းက ဘယ်လိုထွက်လာတာလဲ။ ငါ သေချာမမြင်လိုက်ရဘူး။ ]

***

ရှဲ့ချီသည် လွန်ခဲ့သော မိနစ်အနည်းငယ်က သူကြုံခဲ့ရသည်ကို ပြန်တွေးမိပြီး သူ၏ မျက်လုံးများက အေးစက်နေခဲ့သည်။ ရုပ်သေးရုပ်များကို သတ်လိုက်ပါက ပုံရိပ်ယောင်လောကလည်း အလိုလိုပျက်စီးသွားလိမ့်မည်ဟု သူထင်ခဲ့သော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ရုပ်သေးရုပ်များ သေသွားသည့်တိုင် ပုံရိပ်ယောင်လောက က ရှိနေဆဲပင်။

ရုပ်သေးရုပ်များကို သတ်လိုက်ရုံနှင့် ပုံရိပ်ယောင်လောကတွင်းမှ မထွက်နိုင်ပေ။ ရုပ်သေးရုပ်များကို သတ်လိုက်နိုင်ခြင်းသည် ပုံရိပ်ယောင် လောကထဲတွင် သရုပ်ဆောင်ကို ဒုက္ခပေးနိုင်မည့် အရာများ မရှိတော့ခြင်းသာဖြစ်သည်။ သရုပ်ဆောင်သာ ထွက်ပေါက်ကို မရှာနိုင်ပါက ပုံရိပ်ယောင် ေလာကထဲတွင် အစာငတ်သေသွားနိုင်သည်။

သူတို့ အသက်ရှင်ခဲ့လျှင်တောင် လမ်းဆုံးပြီသာဖြစ်သည်။ အကြောင်းကား သရုပ်ဆောင်များ၏ မစ်ရှင်အချိန်သည် အကန့်အသတ်နှင့် ဖြစ်သောကြောင့်ပင်။ ရိုက်ကွင်းပြီးသွားသည်နှင့် ပုံရိပ်ယောင် လောကထဲရှိ သရုပ်ဆောင်များ အလိုလိုသေကြမည်ဖြစ်ပြီး ခြောက်ခြားစရာ ဇာတ်ကားတွင်းမှ ထွက်လမ်းမရှိပေ။

ထို့ကြောင့် ကျန့်လိနူ၏ လက်ကိုဖြတ်လိုက်ခြင်းကသာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သည်။

ဇာတ်ကားက သရုပ်ဆောင်များကို ကစားနေခြင်းပင်။

သရုပ်ဆောင်များက သူတို့ကြိုးကိုဖြတ်လိုက်သည်နှင့် အပြင်သို့ထွက်နိုင်မည်ဟု ထင်ခဲ့သော်လည်း သူတို့ အသက်ရှင်မည့်လမ်းကို ဖျက်စီးနေကြခြင်းဖြစ်သည်။ ကြိုးပြတ်သွားပြီး သူတို့မျက်စိရှေ့က အန္တရာယ် ပျောက်သွားသော်ငြား ရုပ်သေးရုပ်ကြိုးများကို သုံးနေသည့် ကျန့်လိနူအား ရှာတွေ့တော့မည်မဟုတ်ပေ။ ကျန့်လိနူက ပုံရိပ်ယောင် လောက၏ ထွက်ပေါက်တွင် ရှိနေခြင်းဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now