၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၂) ဒုတိယပိုင်း
UNICODE
ရှယောင်မှာ ဝေးဝေးရှောင်နေပြီး စိတ်ထဲတွင် နောင်တတစ်သီကြီးနှင့် တစ်ဖက်တွင် ရန်ဖြစ်နေကြသည်ကို ကြည့်နေလေသည်။ သူမ ဘာလို့များ ရှဲ့ချီကို ခဏလောက် ကူညီလိုဖို့ ရွေးလိုက်မိရတာလဲ။ တကယ်လို့ သူမလုပ်ထားသမျှ ပေါ်သွားခဲ့ရင် ကျောက်ကျင်ဟွာက သူမကို အသာလေး သတ်ပစ်လို့ရသည်။
ကျောက်ကျင်ဟွာသည် မကျွမ်းကျင်သော်လည်း သူမသည် ဇာတ်ကားများစွာရိုက်ဖူးပြီး သူမခန္ဓာကိုယ်မှာ အတိုင်းတာတစ်ခုအထိ သန်မာအောင် ပြောင်းလဲထားလေသည်။ သာမန် တိုက်ချက်များမှာ သူမကို မထိခိုက်စေနိုင်။ သူမ၏ ခုန်နိုင်စွမ်းနှင့် လှုပ်ရှားမှုအလျင်မှာ ယှဥ်၍ရသည်။ သူ ဒီ့ထက်အချိန်ဆွဲနေမိပါက သူသေချာပေါက်သေမည်ကို ရှဲ့ရှင်းလန်သိသည်။
ကျောက်ကျင်ဟွာမှာ ထိုလူသစ်က ဤမျှကြာအောင် ခုခံနေနိုင်သည်ကို အံ့ဩသွားရသည်။ သူမမှာ ရှက်သွားရပြီး အမြန်တိုက်ချင်လေသည်။ သို့သော် ရှဲ့ချီမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားသည်။ ကျောက်ကျင်ဟွာ လိုက်ရှာကြည့်သော်လည်း ရှဲ့ချီ၏ အရိပ်အယောင်တောင် မမြင်ရပေ။
ရှဲ့ချီ ပုန်းသွားပြီဖြစ်သည်။ အိမ်က အလွန်ကြီးသော်လည်း ရှဲ့ချီ ပျောက်သွားသည့်နေရာမှာ သေချာလေသည်။ ကျောက်ကျင်ဟွာ လှောင်လိုက်ပြီး ထိုနေရာရှိ အခန်း လေးငါးခန်းကို ရှာကြည့်လိုက်သည်။
[ဒီခွေးမ ကျောက်ကျင်ဟွာကတော့။]
[ရှဲ့ချီတော့သေပြီ။ အချိန်တစ်ခုပဲ လိုတော့တယ်။ ငါ မကြည့်ချင်တော့ဘူး။]
[သူတို့တွေက လယ်ဗယ်မှမတူတာကြီးကို။]
ကျောက်ကျင်ဟွာ တမင်ပင် သူမ၏ ခြေသံကို တိုးထားပြီး တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာသည်။ အခန်းတစ်ခန်း၏ တံခါးနားသို့ သွားလိုက်ပြီး တံခါး၏ ဘေးနားတွင် မသိသာသည့် သွေးစွန်းရာတစ်ခုကို မြင်လိုက်ရသည်။
ရှဲ့ချီ ဒီမှာရှိနေသည်။ ကျောက်ကျင်ဟွာ အသက်အောင့်ထားပြီး သေချာနားထောင်ကြည့်လိုက်သည်။ တမင်ကို ထိန်းထားနေသော အသက်ရှူသံ ပြင်းပြင်းကို ကြားနေရလေသည်။ အသက်ရှူသံ ထွက်လာနေရာကို ကြည့်လိုက်သည်။ အခန်းထဲရှိ ဗီရိုမှ ဖြစ်လေသည်။
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/
![ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]](https://img.wattpad.com/cover/250196836-64-k124562.jpg)