Arc 3 အပိုင်း {၆၄} (Z+U)

6.4K 1.6K 120
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၉)

UNICODE

[မြေအောက်ခန်းရှိနေတယ်ဟ။]

[ငါ နားမလည်တော့ဘူး။ သူအဲ့ဒါကို ဘယ်လိုတွေးမိသွားတာလဲ။]

[မှန်ခွဲတာကော မှန်မခွဲတာကော ငါ နားမလည်တော့ဘူး။ ]

[ဘာဖြစ်ဖြစ်။ ဘော့စ်ချီ​နောက်ကို လိုက်ရင် ပြီးသွားလိမ့်မယ်။]

[ဒီဇာတ်ကားက အရမ်းဆိုးဝါးလွန်းတယ်။]

[သဲလွန်စက 'ဉာဏ်ကောင်းသူသည် သူ၏ ဉာဏ်စွမ်းကြောင့် ဒုက္ခကောင်းကောင်းရောက်မယ်' ။ ပြဿနာက ငါက ဉာဏ်မကောင်းတော့ ငါက ဉာဏ်ကောင်းလား မကောင်းလားကိုမသိဘူး။ ဘွင်းဘွင်းပြောရရင် ဉာဏ်ကောင်းဖို့က လိုသေးတယ်ပေါ့။ ခေါင်းမူးနေပြီ။]

[ရုရှားထပ်ဆင့်အရုပ်တွေတော်ပါတော့။]

[ဒါက အရေးအကြီးဆုံးအပိုင်းပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ]

**********

"ရှောင်ချီ၊ ကိုယ်အောက်ဆင်းတော့မယ်။" ရှဲ့ရှင်းလန်က ပြောသည်။

"ကောင်းပြီ။"

ရှဲ့ရှင်းလန်က သူ့လက်တွင် အင်္ကျီကို ပတ်ထားလိုက်ပြီး အငွေ့ရိုက်မှန်ချပ်ကွဲ၏ ဘောင်ကိုကိုင်ထားရင်း အောက်သို့ဆင်းလိုက်သည်။ ခုန်ချစရာနေရာတစ်ခုကို တွေ့လိုက်ပြီး ဖုံတက်နေသော သားရေကာထားသည့် သစ်သားစားပွဲပေါ်ရောက်သွားသည်။

မြေအောက်ခန်းက အတော့်ကိုမှောင်ပြီး အပူချိန်ကလည်း တော်တော်လေးနိမ့်သည်။ အနံ့က အောက်သိုးသိုး ညှီနံ့ဖြစ်သည်။ ရှဲ့ရှင်းလန် သူ့မျက်လုံးများ အမှောင်ထုနှင့် အသားကျသွားအောင် စောင့်လိုက်သည်။ နံရံကိုထိကာ ခဏတာ လိုက်စမ်းကြည့်လိုက်ပြီးနောက် ရှေးကျသည့် ခလုတ်တစ်ခုကို သွားတွေ့သည်။ အသာ ဖိချလိုက်သောအခါ ​မြေအောက်ခန်းတစ်ခုလုံး မီးမှိန်မှိန်နှင့် လင်းသွားသည်။

မြေအောက်ခန်းက သေးငယ်၊ ရှုပ်ပွနေပြီး ညစ်ပတ်နေသည်။ ရှဲ့ရှင်းလန် ချက်ချင်းပင် မြေအောက်ခန်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ အလောင်းများအတန်းလိုက်ကို မြင်လိုက်သည်။ လူသေ အလောင်းများမှာ နံရံကို မှီနေကြပြီး ခေါင်းများက အပေါ်ကိုမော့နေကာ မျက်လုံးများက မည်းနက်ပြီး ဗလာသက်သက်ဟန်နှင့် စိုက်ကြည့်နေကြသည်။ သေခြင်း ဝဲဂယက်အလားပင်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now