အပိုင်း {၁၁၈} (Z+U)

6.3K 1.3K 105
                                    

Chip ပြား

UNICODE

ရှဲ့ချီ App ကို ပြန်ဖွင့်လိုက်သည်။ ကိုယ်ရည်ကိုယ်သွေးနေရာရှိ အနက်ရောင်အတန်းမှာ ပွင့်သွားပြီးဖြစ်သည်။ ထိုသည်က ရှဲ့ရှင်းလန်၏ နတ်ဆိုးစက်ဝန်းဖြစ်သည်။ အောက်တွင်တော့ မဖွင့်ရသေးသည့်အဖြူရောင်အတန်းရှိနေသည်။

[သင်၏ ကိုယ်ရည်ကိုယ်သွေးကို ဖွင့်ရန်အတွက် အမှတ် ၃၀၀ ကို အသုံးပြုလိုပါသလား။]

ရှဲ့ချီသည် ပါကင်ဖွင့်ပြီး ကတ်ဆွဲနေရသလို စိုးထိတ်မှုမျိုးခံစားနေရသည်။

ရှဲ့ရှင်းလန်၏ အကျင့်စရိုက်ကသိသာပြီး သူ၏ ကိုယ်ရည်ကိုယ်သွေးမှာ မှန်းဆရလွယ်လေသည်။ ကောင်းနိုင်သည့်ဖြစ်နိုင်ခြေကလည်း မြင့်သည်။ သူ၏ ကိုယ်ရည်ကိုယ်သွေးကိုတော့ မှန်းမရသော်လည်း အသုံးမဝင်နိုင်ခြေကအတော်မြင့်သည်။

ရှဲ့ချီမှာ အတည်ပြုရန်နှိပ်လိုက်ပြီး ၅,၄၁၅ မှတ်မှာ ရုတ်တရက် ၅,၁၁၅ မှတ်သို့ပြောင်းသွားသည်။ အဖြူရောင်ကိုယ်ရည်ကိုယ်သွေးပေါ်ရှိ ချိတ်ပိတ်ထားမှုမှာ ဖြည်းဖြည်းချင်း ပြေလျော့သွားပြီး နာမည်ကိုမြင်လိုက်ရသည်နှင့် ရှဲ့ချီမှာ စိတ်ပျက်သွားရသည်။

[ကိုယ်ရည်ကိုယ်သွေး: ပန်းချီဆရာ၏ စုတ်တံ ကိုပွင့်သွားသည့်အတွက် ဂုဏ်ပြုပါတယ်။]

အဲ့ဒီတော့ သူ့ကိုယ်ရည်ကိုယ်သွေးက အထူးအရည်အချင်းတွေရဲ့ ပထမအမျိုးအစားပေါ့။ ရှဲ့ချီ သက်ပြင်းချကာ မျှော်လင့်ချက်မဲ့စွာနှင့် အောက်ကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် သူအံ့အားသင့်သွားရတော့သည်။

[ပန်းချီဆရာ၏ စုတ်တံမှာ ဘာမှန်းမသိသောအတိတ်နှင့် မှန်းဆမရသော အနာဂတ်ကို ကောက်ချက်ဆွဲနိုင်ပါသည်။ အလွဲသုံးစားလုပ်မျိုကို ဖော်ထုတ်သည့်စုတ်တံဖြစ်ကာ ရှေ့ဖြစ်ဟောခြင်းအတွက် အသုံးပြုနိုင်ပါသည်။]

[ကိုယ်ရည်ကိုယ်သွေးသက်ရောက်မှု: သင်သည် ချောက်ချားဖွယ်ရာဇာတ်ကား သဲလွန်စများနှင့် အလွန်ဆက်စပ်နေသော ပန်းချီကားများကို ဆွဲနိုင်ပါသည်။

မှတ်စု: သုံးနိုင်ရန်အတွက် 'ဉာဏ်ကွန့်မြူးမှု' လိုအပ်သည်။ ဤကိုယ်ရည်ကိုယ်သွေးမှာ ဉာဏ်ကွန့်မြူးမှုအလွန်လိုအပ်သောကြောင့် ချောက်ချားဖွယ်ရာ ဇာတ်ကားတစ်ကားလျှင် တစ်ကြိမ်သာ ပုံမှန်အားဖြင့် သုံးနိုင်ပါသည်။ အကယ်၍ ဉာဏ်ကွန့်မြူးမှုမလုံလောက်ပါက သရုပ်ဆောင်သည် အတင်းအဓမ္မမ တွန်းအားမပေးသင့်ပါ။ မဟုတ်ပါက ပြန်လည်နောက်ဆုတ်၍မရသော ရူးသွပ်ခြင်းအဆင့်သို့ ရောက်သွားပါလိမ့်မည်။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now