အပိုင်း {၁၇၇} (Z+U)

7.1K 1K 72
                                        

UNICODE

ရှဲ့ချီ

    အိပ်မက်က လျင်မြန်စွာပင် ဇာတ်လမ်းဆက်သွားပြီး သွေးပင်လယ်နှင့် အလောင်းပုံကြီးနားတွင် ရပ်သွားသည်။ မြင်ကွင်းထဲတွင် စစ်နျန်ကို လူတစ်စုက ဝိုင်းထားသည်။

        သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး မတ်တပ်ပင် မရပ်နိုင်လုနီးပါးဖြစ်နေသော်လည်း သူ့လက်နက်ကိုတော့ လက်ထဲတွင် ကိုင်ထားဆဲဖြစ်သည်။ သူ၏ နောက်က နံရံကိုမှီထားကာ သူ၏ မျက်လုံးများကတော့ လိုအင်လောဘများနှင့် ပြည့်နေလေသော အကျည်းတန်မျက်နှာများကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

        ထိပ်တန်း သရုပ်ဆောင် ကိုးယောက်၊ ပထမတန်းစား သရုပ်ဆောင် ဆယ်ယောက်နှင့် မြောက်မြားစွာသော ဒုတိယတန်းစား သရုပ်ဆောင်များ အားလုံးအကုန် ဒီနေရာတွင် ရောက်နေသည်။

        စစ်နျန် လှောင်သံပြုမိသော်လည်း ဒေါသတော့ မထွက်မိပေ။ အဓိပ္ပါယ်သိပ်မရှိလှဟုသာ ခံစားမိသည်။ သူ သက်သောင့်သက်သာနေမိတာ ကြာလိုထင့်။ လူ့စိတ်နှလုံး၏ အကျည်းတန်မှုကို မေ့လျော့သွားခဲ့သည်။

        ကျန်ရစ်နေသော လူနည်းစုမှာ သူ၏ ရယ်သံကြောင့် အလိုလို နောက်ဆုတ်မိလေသည်။ လက်နက်ကိုင်ထားသော သူတို့လက်များမှာ တောင့်တင်း ထုံကျဥ်လာနေသည်။

        "ငါ့ကို သတ်ပြီး နတ်ဘုရားဖြစ်ချင်ကြတယ်ပေါ့လေ။" စစ်နျန်က မျက်နှာသေနှင့် မေးလိုက်သည်။

        "သိရဲ့သားနဲ့ ဘာကိစ္စမေးနေသေးလဲ။"

        စစ်နျန်မှာ သူ့ကို အော်ဆဲနေသူ၏ မျက်လုံးထဲရှိ အမုန်းတရားကို အထင်းသား မြင်နေရလေသည်။

        "မင်းကရော။ မင်းလဲပဲ နတ်ဘုရားဖြစ်ချင်တာလား။" စစ်နျန်သည် ပေါ့ပါးလှသော လေသံဖြင့် သူ့ကို ကာစီးထားသော သူ၏ သူငယ်ချင်းဖြစ်သူကို ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။

        ထိုလူမှာ အပြစ်ရှိစိတ် ဖြစ်သွားပုံပေါ်သည်။ သူ၏ ခေါင်းကို ငုံ့ထားကာ အသံထဲတွင် အမုန်းမပြည့်ဖြင့် ပြောလေသည်။ "ဇာတ်ကားဧကရာဇ်ကမှ နတ်ဘုရားဖြစ်နိုင်မဲ့ လျှို့ဝှက်ချက်ကို ထိတွေ့ခွင့်ရှိတာ။ မင်းလဲ သေချာပေါက် နတ်ဘုရားဖြစ်လာပြီးပြီပဲ။ ဘာလို့ ထွက်မသွားသေးတာလဲ။ မင်းကို ငါမသတ်မချင်ပေမဲ့ ဒီလောက်နှစ်တွေအများကြီး သူများရဲ့ တက်လမ်းကို ပိတ်ထားတာ မင်းပဲလေ။ သူတို့ကို စောင့်ပါအုံးလို့ ငါအချိန်ဆွဲထားပြီး ဒီအချိန်ထိ မင်းကို ငါကာကွယ်ခဲ့တာ။ ငါ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီလို့ ပြောလို့ရတယ်။ ငါ မင်းအပေါ် ဘာအကြွေးမှမတင်ထားဘူး။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Место, где живут истории. Откройте их для себя