ရှင်လျက်နှင့် ငရဲကျခြင်း (၁၂)
UNICODE
ရှဲ့ချီ ပင့်ကူကြိုးမျှင်လှေကားကို လှမ်းမမြင်လိုက်ရသော်လည်း ပိုစတာကို သူမြင်ဖူးသည်။ ပိုစတာပေါ်တွင် ပင့်ကူကြိုးမျှင်လှေကားမှာ သုခဘုံမှ သကာရည်ဆမ်းထားသည့် တရုတ်တုတ်ထိုးချိုချဥ်အလား ငရဲများအားလုံးဆီသို့ ဖြတ်သန်းကာ ကျနေသည်။ ပင့်ကူကြိုးမျှင်လှေကားသည် ငရဲကို တစ်နေရာတည်းသဖွယ် ဆက်သွယ်ပေးထားသည်။
နောက်ထပ် ကြေညာချက်နှစ်ခုရှိနေသေးသည်။
[ပြန်လည်မွေးဖွားခြင်းတစ်ခါလျှင် လူတစ်ယောက်သာလျှင် သုခဘုံဆီသို့ ဝင်ရောက်နိုင်ပါသည်။]
[ပင့်ကူကြိုးမျှင်လှေကား ပေါ်လာသည်နှင့် ငရဲ၏ စည်းမျဥ်းများအရ အကျဥ်းသားအားလုံး၏ အိုင်တမ်များမှာ အသုံးပြု၍မရနိုင်သော အနေအထားတွင် ရှိနေပါမည်။ ]
အိုင်တမ်တွေကို သုံမရဘူးတဲ့လား။ ကျိရှင်းချန်၏ နှလုံးသားမှာ စူးရှစွာ ဆောင့်ခုန်သွားသည်။
ရှဲ့ချီသည်လည်း အံ့ဩသွားရသည်။ ထို့နောက် သဲလွန်စကို ရှာတွေ့လိုက်ပြီး ရေရွတ်လိုက်သည်။ "ပင့်ကူကြိုးမျှင်လှေကား ပေါ်လာတာနဲ့ အိုင်တမ်တွေကို သုံးမရတော့ဘူး။ တစ်နည်းပြောရရင် ပင့်ကူကြိုးမျှင်လှေကားက အကြောင်းတစ်ခုခုကြောင့်နဲ့ ပြန်ပျောက်သွားနိုင်တယ်ပေါ့..."
"ပင့်ကူကြိုးမျှင်လှေကားကနေ မတက်တော့ဘူးလား။" ကျိရှင်းချန်က မေးလာသည်။
ရှဲ့ချီကတော့ ဂရုမစိုက်သည့်ပုံပင်။ အဖြေက သေချာပေါက် ငြင်းဆန်နေခြင်းပင်။
"ဘာလို့လဲ။"
ရှဲ့ချီက သူ့ကိုကြည့်လိုက်သည်။ "လူတစ်ယောက်ထဲကိုပဲ ကန့်သတ်ထားတယ်လို့ မင်းထင်နေပေမဲ့ တကယ် လူတစ်ယောက်ထဲပဲ တက်လို့ရတာကော ဟုတ်ရဲ့လား။"
"မင်း ဘာပြောချင်တာလဲ။" ကျိရှင်းချန်၏ စိတ်ရှည်မှုမှာ လုံးဝကုန်လွန်သွားပြီး ရှဲ့ချီ ရှင်းပြမည်ကို စောင့်မနေတော့ပေ။ "အဲ့ဒါဆို မင်းစိတ်ကြိုက်ပဲလုပ်ပေါ့။"
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/