Arc 3 အပိုင်း {၅၁} (Z+U)

6.8K 1.6K 151
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၆)

UNICODE

သရဲလက်မှာ စိုစွတ်ပြာနှမ်းနေသည်။ လက်ငါးချောင်းမှာ လှုပ်ရှားကာ ဆန့်ထွက်လာစဥ်တွင် လက်မောင်းသည်လည်း တိုးထွက်လာရန် ပါးလွှာသော အစာအိမ်နံရံကို ပွတ်တိုက်နေသည်။ အစာအိမ်ရည်များနှင့်အတူ ကျန်နေသော အစာဖတ်များပါထွက်ကျလာသည်။ ထို့နောက်ကား ယိုကျင်၏ ဗိုက်သေးသေးထဲတွင် တစ်စုံတစ်ခုကား အမြန်ပင် ကြီးထွားလာနေသည်။

ကောင်းလော့ပဲ!

သရဲလက်၏ လက်မအပြင်ဖက်တွင် ကင်းခြေများကဲ့သို့သော ချုပ်ရိုးများရှိနေသည်ကို ယိုကျင်တွေ့လိုက်ရသည်။

ကောင်းလော့သည် သူ့ဗိုက်ထဲတွင် ရှိနေပြီး အပြင်သို့ ဖောက်ထွက်လာတော့မည်။

*******

"ရှောင်ကျင်!" အလုံပိတ်အခန်းကျဥ်းထဲတွင် အမျိုးသမီးတစ်ယောက်က မျက်နှာဖြူဖတ်စွာ အော်လိုက်သည်။

နောက်တစ်ဏ၌ စခရင်န်အကြီးကြီးပေါ်တွင် ယိုကျင်သည် သူ၏ အဝတ်အစားများကို အရူးမူး ဆွဲဖြဲနေပြီး သူ့လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းပိုင်းလေးထွက်လာသည်။ ကျောက်စိမ်းမှာ ဖောက်ထွင်းမြင်ရပြီး အလယ်တွင် ရွှေထည့်ထားကာ လှပသောပုံစံရှိသည်။ ရွှေပေါ်တွင် ရှေးဟောင်းဗုဒ္ဓဆင်းတုတော်ကို ထွင်းထုထားလေသည်။

ကျောက်စိမ်းပေါ်လာသည်နှင့် တောက်ပသော အလင်းရောင်ကြိီးထွက်လာကာ ဗုဒ္ဓသည် ထွန်းတောက်လာသည်။ သရဲလက်လည်း လျင်မြန်စွာပင် ယိုကျင်၏ ဗိုက်ထဲသို့ ပြန်ဝင်သွားပြီး ယိုကျင်၏ ဗိုက်ထဲမှ ကောင်းလော့၏ နှလုံးကွဲမတတ် အော်သံကြီးကို ကြားလိုက်ရသည်။

"သေနာကြီး!!" ကောင်းလော့၏ နောက်ဆုံးအော်သံမှာ အမုန်းတရားနှင့် အလိုမရှိမှုတို့ပြည့်နေသည်။ အခန်းမှာ ပြန်လည် တိတ်ဆိတ်သွားသည်။ ယိုကျင်၏ အသက်ပြင်းပြင်း ရှူသံများသာ ကျန်နေခဲ့တော့သည်။

သရဲက ကျောက်စိမ်းနှင့် အဖိခံထားရပြီး လောလောဆယ်တော့ ထွက်မလာနိုင်တော့ပေ။ ယိုကျင်မှာ အခုထိ လျှော့ရနေဆဲဖြစ်ပြီး မျက်နှာမှာ ဖြူဖတ်နေသည်။ အလွန်ချဥ်စူးနေသော အစာအိမ်ရည်များမှာ အစာအိမ်ကို တိုက်စားနေပြီး မကြာခင် ရောဂါကူးစက်မှုဖြစ်လာနိုင်သည်။ သူအခြေအနေမကောင်းတော့မှန်း ယိုကျင် သိသည်။ အများဆုံး တစ်မိနစ်လောက်သာ သည်းခံနိုင်တော့မည်ဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now