Arc 6 အပိုင်း {၁၄၂} (Z+U)

4.7K 1.1K 104
                                    

ဆေးရုံ (၂၃)

UNICODE

ယွမ်ရယ် အနားကပ်ရဲခြင်းမှာ သူ့တွင် ၁၀၀% ခုခံကာကွယ်ပေးနိုင်သည့် အိုင်တမ်ရှိနေသောကြောင့်ပင်။ ရှဲ့ချီတွင်လည်း စွမ်းအားမြင့် ခုခံနိုင်စွမ်း အိုင်တမ်တစ်ခုရှိသည်။ ထို ရိုးရှင်းရှင်း လက်စွပ်ပင်။

ယွမ်ရယ် အသိဝင်သွားသည်။

လက်စသတ်တော့ သူစပေါ်လာကတည်း​က အစမှာ တမင် အားနည်းချက်ပြပြီး HN ဆေးရည်ကိုသောက်ပြီးနောက် အနီးကပ်လိုက်ရိုက်နှက်ခံနေရသည်အထိ အရာအားလုံးမှာ ရှဲ့ချီ၏ တွက်ချက်မှုထဲတွင် ရှိနေလေသည်။ ရှဲ့ချီသည် ဖြစ်နိုင်သည့်အခြေအနေအားလုံးကို ထည့်စဥ်းစားထားပြီး အန္တရာယ်များကို ရှင်းထုတ်ကာ အကောင်းဆုံး အစီအစဥ်ကို ချထားသည်။ ယွမ်ရယ် ထွက်ပေါ်လာ​ခြင်းက ရှဲ့ချီ၏ အစီအစဥ်များကို အမှန်တကယ်ဖြစ်သွားစေခဲ့သည်။

သူ ရှုံးသွားပြီ။

ထိုစကားလုံးများ စိတ်ထဲပေါ်လာသည်နှင့် ထူးဆန်းပြီး အဓိပ္ပါယ်မရှိဟု ယွမ်ရယ်ခံစားလိုက်ရသော်လည်း တကယ်ကြီး ဖြစ်ခဲ့လေသည်။ ယွီယောင်က တက်သစ်စကြယ်ပွင့်လေးဆီမှာ ရှုံးသွားသည်။ သူအကောင်းဆုံး ကြိုးစားပြီးသည့်တိုင် ရှုံးသွားခဲ့ပြီး သူ နည်းပေါင်းစုံကို သုံးခဲ့ပြီးဖြစ်သည်။ ရှဲ့ချီ ဒီနေရာကိုရောက်လာခဲ့သည်မှာ သူ့အချိန်၏ လေးပုံတစ်ပုံသာ ရှိသေးသည်။

သူ မည်သူဆိုသည်ကို ပြပြီးနောက် ယွမ်ရယ်၏ အမူအရာမှာ အမြဲတမ်း ပေါ်ကြော့ကာ မြူးကြွနေတတ်သည်။ တစ်ခါမှ ဤကဲ့သို့ သာမန်လူတစ်ယောက်၏ စိတ်ရှုပ်ထွေးမှုနှင့် ယိုယွင်းနေသည့်ပုံစံကို တစ်ခါမှမပြဖူးခဲ့ပေ။

[ဘုရားရေ...]

[ယွီယောင် ရှုံးသွားတယ်...]

[တွေးကြည့်လို့တောင်မရတာပဲ။]

[...ငါ လက်မခံဘူး။ မကြည့်နိုင်ဘူး။]

[ရှဲ့ချီ မသေသေးဘူး။ သဘောက ယွီယောင်ကတော့ သွားပြီပဲ။ သူ့မှာရှိသမျှ ကတ်တွေအကုန်ကုန်သွားတဲ့အချိန်မှာ ရန်သူက ဘာမှမဖြစ်နေဘူး...ဖာ့ခ် ဆိုးလိုက်တာ။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now