Arc 4 အပိုင်း {၇၆} (Z+U)

6.6K 1.6K 224
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၈)

UNICODE

အားလုံး၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားသည်။

"အမှိုက်လို App" သစ်ထွန်းဖူးပေါက်စ ထဲမှ ဒေါသထွက်လွယ်သည့်တစ်ယောက်က တစ်ခါတည်း ဆဲရေးလိုက်သည်။

ရှဲ့ချီကတော့ ခဏလောက်သာ အံ့ဩသွားသည်။ ထို့နောက် ပုံမှန် အမူအရာပြန်ဖြစ်သွားသည်။ App က အမြဲတမ်း ဇာတ်ကြောင်းကို ရှေ့ဆက်စေဖို့ရာ တွန်းနေမည်ဖြစ်သည်။ ရှယောင်မှာ ထိုင်လိုက်ပြီး ရှဲ့ချီကို မသိလိုက်ပါဘဲ ကြည့်လိုက်မိသည်။ ထို့နောက် အပြစ်ရှိသည့်အလား အကြည့်လွှဲကာ ယိုကျင်ဘေးမှ တိတ်တဆိတ်ဝင်ထိုင်လိုက်သည်။

"ငါတို့တွေ ဟင်းရွက်နဲ့အစားစာတွေပဲ စားရမှာလား။" လုဝမ်က ရှဲ့ချီ ဘေးမှာ ဝင်ထိုင်ရင်း အသံကိုနှိမ့်ကာ မေးသည်။

ရှဲ့ချီ မဖြေလိုက်ရသေးခင်တွင် ယွမ့်ဇျဲက တစ်ဖက်မှ ရေရွတ်ကာ စကားဝိုင်းထဲ ဝင်လာသည်။ "ကံကို ယုံမလို့လား။ ဘယ်သူက ကံဆိုးလဲ ကြည့်မလို့ပေါ့။"

မနေ့တုန်းက ဟင်းတွေ အခု နှစ်ဆယ်ကျော်လောက် ရှိခဲ့သည်ကိုး။ ဒီနေ့လည်း အဲ့ထက်တော့ မလျော့လောက်ဟု မှန်းထားကြသည်။ ဟင်းလျာတွေ အများကြီးထဲကမှ သုံးမျိုးကို သူတို့ စားကြရမည်။ ထိုဟင်းလျာများ ပြဿနာရှိနေနိုင်ခြေမှာ အတော်ကို လျော့သွားလေသည်။

ရှဲ့ချီ ခေါင်းငုံ့ကာ သူ့လက်ချောင်းများနှင့်သူ ပြန်ဆော့နေလိုက်သည်။ "အဲ့လောက် မရိုးရှင်းဘူး။"

"ဘာကို ပြောချင်တာလဲ။" ယွမ့်ဇျဲက သူ့ကို စိုက်ကြည့်လိုက်သည်။

ရှဲ့ချီက ဘာမှ ပြန်မဖြေဘဲ ပြုံးသာနေသည်။ ခပ်ဝဝစားဖိုမှူးက ဟင်းပန်းကန်များ အကုန် လာချပြီးမှသာလျှင် ယွမ့်ဇျဲ ရှဲ့ချီ ပြောသည်ကို သဘောပေါက်တော့သည်။

စုစုပေါင်း ဟင်းခုနစ်မျိုးရှိပြီး အားလုံး အသားဟင်းတွေချည်းဖြစ်သည်။ ပါသည်များက အတော်ကိုများပြီး သူတို့ စား၍မလောက်မည်ကို စားဖိုမှူးက စိုးရိမ်နေသည့်အလား ပန်းကန်အကြီးကြီးများဖြင့် ထည့်ထားသည်။ တစ်ဖွဲ့လုံး၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ကုန်တော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now