Arc 6 အပိုင်း {၁၃၀}(Z+U)

5K 1.1K 139
                                    

ဆေးရုံ (၁၁)

UNICODE

အမှောင်ကျနေသည့် ထောင့်နားတွင် ရှဲ့ချီသည် ရှဲ့ယန်နဲ့ ယိဟယ်စုန့်တို့ ဖြတ်သွားသည်ကို ကြည့်နေရင်း အနောက်သို့မှီလိုက်ကာ သူ့ကိုယ်ကို ဖွက်ထားလိုက်သည်။ ကနဦး သူရောက်လာစဥ်က ယိဟယ်စုန့်၏ လူနာကိုကြည့်နိုင်ရန် ယိဟယ်စုန့်အား လူနာခန်းထဲမှ မည်သို့ပထုတ်ရမည်ကို စိုးရိမ်မိခဲ့သည်။ ထို့နောက် အလျင်စလိုထွက်သွားကြသော လူနှစ်ယောက်ကို တွေ့လိုက်ရတော့သည်။

ရှဲ့ချီသည် သူတို့ထွက်သွားသည့်ဆီသို့ အတွေးစစနှင့် ငေးကြည့်လိုက်သည်။ ဘာသွားလုပ်မှာမလို့ အဲ့လောက်အလျင်လိုနေကြတာလဲ။ ကော်ရစ်ဒါတစ်လျှောက်တွင် မည်သူ့ကိုမှ သူမတွေ့။ "ကိုကို၊ သွားရအောင်။"

"ဟုတ်ပြီ။" အရင်တစ်ခါက ခလုတ်ဘယ်နားတွင် ရှိနေသည်ကို ရှဲ့ရှင်းလန်သိပြီးသွားပြီ ဖြစ်သည်။ သူ အပြေးသွားလိုက်ပြီး တိတ်တဆိတ်ပင် ထိလိုက်သည်။ အဖုံးကို ဖွင့်လိုက်ကာ ခဏကြာအောင် ထိစမ်းကြည့်လိုက်ပြီးမှ ဤကော်ရစ်ဒါတစ်လျှောက် လျှပ်စစ်မီးကို ပိတ်ချလိုက်တော့သည်။

အမှောင်ထုသည် သရဲများအတွက် လှုပ်ရှားသွားလာရန် လွယ်ကူလေပြီး လူသားတို့အတွက်လည်း ထိုနည်းတူသာပင်။ ရှဲ့ရှင်းလန်မှာ ညအမှောင်ထဲတွင် ကောင်းကောင်းမြင်ရပြီး အလွယ်တကူပင် ယိဟယ်စုန့်၏ လူနာခန်းတံခါးဆီသို့ သွားလိုက်သည်။

"သူမသွားခင် သော့ခတ်သွားတာပဲ။"

ခေတ်နောက်ကျလှသည့် သော့ခလောက်ဖြစ်လေသည်။

ရှဲ့ချီ ရေရွတ်မိသည်။ "သူက တော်တော်တော့ သတိကြီးတာပဲ။"

ရှဲ့ရှင်းလန် ခဏကြာ စဥ်းစားလိုက်သည်။ "ကိုယ့်ကို ​​စောင့်ပေးဦး။"

ရှဲ့ရှင်းလန်သည် သူ့ဦးနှောက်ထဲရှိ ဆေးရုံမြေပုံကို သုံးလိုက်ပြီး အနီးဆုံးအချက်ပေးကိရိယာကို ရှာလိုက်သည်။ ထိုဆီမှ ဝါယာကြိုးအရှည်ကို ဆွဲထုတ်လိုက်ပြီး ဝါယာကို ဖြောင့်အောင်လုပ်ကာ သော့ခလောက်ထဲ သွင်းလိုက်သည်။ အကြိမ်အနည်းငယ်လောက် လှည့်ကြည့်လိုက်ပြီးနောက် အထဲရှိ ဘားတံက အပေါ်တင်သွားသည်။ သော့ခလောက်သည် အသာယာပင် ပွင့်သွားတော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now