တားရော့ ဂိမ်း (၆)
UNICODE
တားရော့ စုန်းမ။
ထိုစကားထွက်လာသောအခါ ရှိသမျှလူအားလုံး ထိတ်လန့်သွားကြသည်။ အကယ်၍ တားရော့စုန်းမသာဆိုပါက ဒီဇာတ်ကားထဲ ဝင်လာပြီးကတည်းက သူတို့ မြင်ခဲ့၊ကြားခဲ့ရသမျှကို ရှင်းပြနိုင်သွားပြီဖြစ်သည်။
အစေခံမိန်းကလေး ပြောခဲ့သည့် 'အကြီးမြတ်ဆုံး တားရော့စုန်းကဝေ' ဆိုသူက ဤနေရာရှိ အရာအားလုံးကို ဖန်တီးခဲ့ခြင်းဖြစ်လေသည်။ သူမသည် တားရော့ကတ်ထဲတွင် ပါဝင်သည်များကို လက်တွေ့ဖြစ်လာအောင် လုပ်နိုင်သည်။
စုန်းကဝေဟူသည် ကြားနေစကားလုံးဖြစ်နိုင်သကဲ့သို့ ကောင်းသည့်၊မကောင်းသည့် အဓိပ္ပါယ်လည်းပါနိုင်သည်။ တားရော့သည် မူလအစက စုန်းအတတ်တစ်မျိုးဖြစ်ခဲ့သော်လည်း စုန်းအတတ်၏ အဓိပ္ပါယ်မျိုး မရှိပေ။ ကံကြမ္မာတွက်ချက်သည့် အဓိပ္ပါယ်သာရှိသည်။ ကံကြမ္မာကိုတွက်ချက်ခြင်းသည် လူတို့အား အန္တရာယ်ရှောင်ရှားနိုင်အောင် ကူညီပေးပြီး မကောင်းသည်ကို ကောင်းသွားအောင် ပြောင်းလဲပေးနိုင်သည်။
သို့သော် 'တားရော့ စုန်းကဝေ' ဟူသည့် စကားလုံးများကို လေးပင်သည့်မျက်နှာနှင့် အစေခံမိန်းကလေးက ပြောခဲ့ပြီး မကောင်းဆိုးဝါးဆန်ကာ နိမိတ်မရှိသည့် လေထုကြီး အပိုပါသွားလေသည်။
ချစ်သူနှစ်ယောက်မှာ သူတို့လျှာများအဖြတ်ခံရမည်ဟူသည့် ကျိန်စာကို ကြားလိုက်ရပြီး ကျိန်စာ တကယ်ဖြစ်လာမည်စိုးသဖြင့် အလန့်တကြားနှင့် အစေခံမိန်းကလေးအား တောင်းပန်ကြတော့သည်။
ရှဲ့ချီကတော့ အစေခံမိန်းကလေးနှင့် ထို'ကြီးမြတ်သည့် တားရော့ စုန်းကဝေ'၏ ဆက်စပ်မှုကို စဥ်းစားနေလေသည်။
ယွမ့်ဇျဲမှာ ကျိတ်ပြီး စိတ်သက်သာရာရသွားသည်။ တော်သေး၍ ရှဲ့ချီကဲ့သို့ လိုက်လုပ်ကာ စကားမပြောမိသည်ပင်။ အစေခံမိန်းကလေးက တိတ်တဆိတ် ဓာတ်ပုံဘောင်အားသုတ်နေသည်ကို ကြည့်ရုံကြည့်နေမိသည်။ မဟုတ်ပါက ထိတ်လန့်စိုးရိမ်နေရမည့်သူမှာ သူဖြစ်နေမည်ဖြစ်သည်။
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/
![ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]](https://img.wattpad.com/cover/250196836-64-k124562.jpg)