Arc 5 အပိုင်း {၁၁၂} (Z+U)

5.8K 1.2K 63
                                    

ရှင်လျက်နှင့် ငရဲကျခြင်း (၁၄)

UNICODE

"မင်းပြောချင်တာ ​ပင့်ကူကြိုးမျှင်လှေကားက ငါတို့ အချင်းချင်းယုံကြည်လို့ ရလာတဲ့လက်ဆောင်ပေမဲ့ တကယ့်သွားရမဲ့နေရာအမှန်က... အောက်ကိုဆင်းဖို့ပေါ့။" ယွမ့်ဇျဲ တုန်လှုပ်သွားသည်။

ထိုအကြံက အလွန်ကို တပြောင်းတပြန်တွေဖြစ်ကာ သိပ်အံ့ဩဖွယ်ရာကောင်းလွန်းသည်။

ရှဲ့ချီ ခေါင်းငြိမ့်ပြလိုက်သည်။ "တကယ်လို့ စွမ်းအင်ကို ဝေမျှပေးတာက အကျဥ်းသားတွေအကုန်လုံး တစ်ထပ်တည်းမှာပဲ အေးအေးသာသာနေနိုင်လောက်တယ်ဆိုတဲ့ဟာကို ရအောင်လုပ်ပေးနိုင်တယ်ဆိုရင် ပင့်ကူကြိုးမျှင်လှေကားက ကောင်းတယ်ဆိုတာကို သက်သေပြလိုက်တာပဲ။ အပေါ်တက်သွားတာက အပြစ်တွေကို ပိုကြီးလေးစေပြီး ထာဝရငရဲဆီရောက်လိမ့်မယ်။ အဲ့ဒီလိုဆိုအောက်ဆင်းတာက ပြောကြည့်ရကြေးဆိုရင် သာမန်အောက်ခြေအဆင့် သက်ရှိသတ္တဝါတွေအကုန်လုံးနဲ့ ပိုနီးလာလိမ့်မယ်။ သက်ရှိသတ္တဝါတွေဆိုတာက... လူ့လောကပဲလေ။"

ရှဲ့ချီ မေးလိုက်သည်။ "ငါတို့ ဇာတ်ကားနာမည်က ဘယ်လိုခေါ်လဲ မင်းမှတ်မိသေးလား။"

ယွမ့်ဇျဲက ချက်ချင်းပြန်ဖြေသည်။ "ရှင်လျက်နဲ့ ငရဲကျခြင်း။"

ရှဲ့ချီက သူ့ခေါင်းထက်ရှိ ကျယ်ပြောလှသော တိမ်တိုက်ပင်လယ်ကြီးကို မော့ကြည့်လိုက်ပြီး သူ၏ ခြေထောက်အောက်ရှိ အဆုံးမရှိသော အသူရာ ချောက်နက်ကြီးအား သွေးမြူများကိုဖြတ်၍ ကြည့်လိုက်သည်။

"သုခဘုံဆိုတာ တကယ်မရှိဘူး။ ထာဝရငရဲနဲ့ လူ့လောကပဲရှိတယ်။ ထာဝရငရဲက အပေါ်မှာရှိပြီး လူ့ပြည်က အောက်မှာပဲ။ ငါတို့တွေက ဒီလောကနှစ်ခုကြားမှာရှိနေတဲ့ နေရာမှာ ဒဏ်ခတ်ခံနေရတာ။ အဲ့ဒါကြောင့် ဒါက... အသက်ရှိနေရက်နဲ့ ကျတဲ့ ငရဲပဲ။ မင်းရော ငါပါ အသက်ရှင်နေသေးပြီး ဒါက ငါတို့ရဲ့ငရဲပဲ။ ငါတို့တွေက ထောင်ထဲက အကျဥ်းသားတွေဖြစ်ပြီး လူ့ပြည်နဲ့ ထာဝရငရဲနှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ အမြဲရုန်းကန်နေရမှာပဲ။ ပထမတစ်ခုက မဖြစ်နိုင်တဲ့ စိတ်ကူးယဥ်တဲ့ဟာဖြစ်နေပြီး နောက်တစ်ခုကကျ လှပေမဲ့ ရောက်ဖို့ခက်တဲ့ ပြီးပြည့်စုံတဲ့လောကပဲ။ "

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now