Arc 7 အပိုင်း {၁၅၇} (Z+U)

5.4K 1K 137
                                    

   တားရော့ ဂိမ်း (၇)

UNICODE

     "ဒါက မှန်းခြေတစ်ခုပဲ။" ရှဲ့ချီက ထပ်မံ အလေးထားကာပြောသည်။

        တားရော့ဆိုသည်ကပင် လျှို့ဝှက်နက်နဲလှသည့်အရာဖြစ်သည်ကို ကံကြမ္မာလှည်းဘီးက သာ၍ပင် ပိုသေးသည်။ သူက သူမေးချင်သည့်အရာကို ဒီအတိုင်းလေး မေးလိုက်ရုံသာ။ လက်တံကလည်း တန်ပြန်အားကြောင့် လျောင်းဝမ် ရှိသည့်နေရာတွင် ရပ်သွားခြင်းလည်း ဖြစ်နိုင်သည်။

        အကယ်၍ တားရော့ကတ်၏ မြားတံသာ သူ့ဆီကို ညွှန်ပြခဲ့ပါက သူ စိတ်ပူမိမည်မဟုတ်ဟု ရှဲ့ချီ သူ့ကိုယ်သူပြောထားသည်။ မကောင်းသည့်နိမိတ်ဖြစ်သော်ငြား သူသည် သဲလွန်စတွေ ပိုရရန်အတွက် လူတွေကိုနှိုးဆော်မည်ဖြစ်ပြီး အန္တရာယ်မှ အမြန်လွတ်နိုင်ရန်သာ ကြိုးစားမည်ဖြစ်သည်။

       အကျိုးရှာပြီး အဆိုးရှောင်ကာ သေခြင်း၏ ဝဲဂယက်အတွင်းတွင် နစ်မူးခြင်းက ဂန္ဘီရပညာရပ်၏ အဓိပ္ပါယ်ကို ဆန့်ကျင်နေခြင်းဖြစ်သည်။

        ဂန္ဘီရပညာရပ်၏ ရည်ရွယ်ချက်မှာ လူတို့၏ ဘဝကို ပိုမိုကောင်းမွန်အောင် နေနိုင်စေရန်အတွက်သာ အမြဲတစေဖြစ်ခဲ့သည်။ မဟုတ်ပါက ရုပ်လွန်ပညာကို မလိုအပ်တော့။ အနီရောင်ဇာတ်ကားက တစ်ယောက်ယောက်၏ အသက်ကို ဖျက်စီးပစ်မည်ဟု သူမထင်ပေ။

        မည်သူကမှ နိမ့်ကျစွာမွေးလာပြီး အရင်သေသင့်သည်ဟူ၍ မရှိပေ။ အားနည်းချက်သည်ကသာ အကြောင်းရင်း၏ အပြင်းဆုံးဒဏ်ကို ခံရလေသည်။

        "လျောင်းဝမ်ကို သွားပြောလိုက်ရမလား။" ယဲ့ရှော့ရှော့က အရင်ကတည်းကပင် စိတ်ပျော့သည်။ သူမကို မနှောင့်နှေးစေမည့် ဒီလိုအလုပ်မျိုးကို လုပ်ချင်မိသည်။

        "မင်းသဘောပဲလေ။"

        ယဲ့ရှောင့်ရှောင့် အံ့ဩသွားသည်။ ခဏကြာအောင် ရှဲ့ချီ၏ သဘောထားက ဘာမှန်း သိပ်မသေချာလိုက်ပေ။ ထို့နောက် အသေအချာ ထပ်စဥ်းစားကြည့်လိုက်ပြီး တစ်စုံတရာကိုသဘောပေါက်သွားကာ သက်ပြင်းချလိုက်သည်။

        ကောင်းမွန်သည့် ကံကြမ္မာဆိုပါက မာန်တက်စေပြီး မကောင်းသော ကံကြမ္မာသည် ကြောက်ရွံ့မှုကိုသာ ဖြစ်စေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now