Arc 2 အပိုင်း {၂၄} (U)

47.7K 1.9K 163
                                    

ဖုတ်သရဲ ချစ်သူ

လုဝမ်အံဩသွားရသည်။ ရှဲ့ချီကသူ့ဆီမှ ဓားကိုတောင်းနေသည်နဲ့လား...။ သူက ဓားနဲ့ ဘာ
များလုပ်မလို့လဲ။ လုဝမ်၏ စိတ်ထဲတွင် အ
တွေးတစ်ခု ဖြတ်ပြေးသွားသော်လည်း လိုက်
မမှီလိုက်ပေ။

ရှဲ့ရှင်းလန်၏ မျက်လုံးများက နည်းနည်း
အပျော်ရှာလိုဟန်ဖြင့် သူ၏ လက်ညှိုးကို
အတွင်းဖက်ဆီကွေးကာ လုဝမ်ကို မြန်မြန်
ပေးရန် တွန်းအားပေးလိုက်သည်။

"ငါ့ကိုပေးစမ်းပါ။"

လုဝမ်ခမျာ ထိုလူသားက စကားပြောရဲလိမ့်
မည်ဟု မထင်ထားသဖြင့် အလွန်ကို လန့်သွား
ရသည်မှာ နှလုံးပင်ရပ်သွားတော့ မတတ်ပင်။
ခပ်လှမ်းလှမ်းရှိ ဖုတ်ကောင်ကို မြန်မြန်လှမ်း
ကြည့်လိုက်ကာ စိတ်ပူစွာပြောလိုက်သည်။
"ပေးပါ့မယ်ကွာ။ စကားမပြောစမ်းပါနဲ့။"

ပြောလိုက်ပြီးနောက် အသက်ပြန်အောင့်လိုက်ပြီး ရှဲ့ချီ၏လက်ထဲသို့ မတုံ့ဆိုင်းပဲ ဓားကိုထည့်ပေးလိုက်သည်။ အခြားသူများသည်
လည်း အသက်အောင့်နေရန်အလုပ်ရှုပ်နေ
ကြသော်လည်း သူတို့၏မျက်လုံးများတွင်း
၌ကား မနာလိုမှုများစွာရှိနေသေးသည်။ ထို
အရာသည် ဖုတ်ကောင်ကို ဒဏ်ရာရစေနိုင်
သည့် တစ်ခုတည်းသောအရာဖြစ်ပြီး လုဝမ်
က ရှဲ့ချီကို လွယ်လွယ်နှင့်ပင် ပေးလိုက်သည်။

[ဒီအချိန်ကြီးမှာ သေချင်နေကြလို့ စကားပြောနေကြတာလား။]

[သူက ဘာကိစ္စဓားလိုချင်နေတာလဲ။ ကိုယ့်
ကိုယ်ကို ကာကွယ်ဖို့လား။ အရမ်း တစ်ကိုယ်
ကောင်းဆန်တာပဲ။]

[တစ်ယောက်ကလည်း ငှားရဲတယ်။ တစ်
ယောက်ကလည်း ပေးရဲတယ်။ လုဝမ်တော့
ရူးသွားပြီနေမယ်။]

[တစ်ခြားဖြစ်နိုင်ချေရှိလိမ့်မယ်....လို့ မင်းတို့
ထင်ကြလား။ ဒီ ကောကောက ဒုတိယအထပ်ကနေ ခုန်ဆင်းလိုက်တာနော်။]

[အရင်ကတော့ သူက ပျော့ဖတ်ဖတ်နဲ့ ငါ့ အ
ကြိုက်မဟုတ်ဘူးလို့ ထင်ထားတာ။ အခု
ကြည့်ကြည့်တော့ပြန်မှ ကြမ်းကြမ်းရမ်းရမ်း
ပဲလို့ ငါ ခံစားနေရတယ်ရော်။ ]

ရှဲ့ချီသည် နည်းနည်းစိတ်ပူမိသောကြောင့်
စိတ်ထဲမှ မေးလိုက်သည်။ " လက်နက်ပြောင်းလိုက်တာ အဆင်ပြေရဲ့လား။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now