အပိုင်း {၆၇} (Z+U)

7K 1.6K 219
                                    

စစ်ဆေးခြင်း
🤗

UNICODE

ရှဲ့ချီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ အမှတ် တစ်သောင်းကို စုပြီးပါက သူ့ကိုကိုအား ထာဝရပိုင်ဆိုင်ရတော့မည်ကို သူသိသည်။ ဒါပေမဲ့ ခန္ဓာကိုယ် ထုတ်လုပ်မှုပြီးစီးလို့ စစ်ဆေးနိုင်ပါသည်ဆိုတာကဘာလဲ။ သူ နားလည်လိုက်သလိုလား။ ခန္ဓာကိုယ်ပြီးသွားတာနဲ့ တစ်ခါတည်း ဖုန်းထဲက အိတ်ထဲမှာ ထည့်ထားမှာမဟုတ်ဘူးလား...

ရှဲ့ချီ မြင်ကွင်းထဲတွင် သွယ်လျသော ​ခြေတံများပေါ်လာသည်။ အပေါ်မော့ကြည့်သော် အနက်ရောင် ဂျက်ကတ်၊ ခါးသွယ်သွယ်၊ ကျယ်ပြန့်သော ရင်အုပ်နှင့် ခန့်ညားသောမျက်နှာတို့ ရှိနေသည်။ ဤသည်က ရှဲ့ရှင်းလန်၏ ခန္ဓာကိုယ်ဖြစ်သည်။ ရှဲ့ချီ၏ နှလုံးသား ရုတ်တရက် ခုန်ပေါက်သွားသ​ည်။ မဟုတ်ဘူး။ ရှဲ့ရှင်းလန်ရဲ့ ခန္ဓာကိုယ်မဟုတ်ဘူး။ အဲ့ဒါက...ရှဲ့ရှင်းလန်ပဲ။ သူ့ကိုကို၏ တည်ရှိမှုကို သူမခံစားရတော့။ သူ့ရှေ့တွင် ရှိနေသည်က...ခဏတာ ခန္ဓာကိုယ်ရထားသည့် ရှဲ့ရှင်းလန် ဖြစ်သည်။

ရှဲ့ချီ၏ နောက်ကျောမှာ ချက်ချင်းပင် တောင့်သွားသည်။ သူသည် ကြောက်သွားသည့်ငှက်ကလေးအလား မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများအပြည့်ရှိနေသည်။ ခွက်ကိုကိုင်ထားသည့် လက်ချောင်းများ တောင့်တင်း ထုံကျင်ကာ တုန်ယင်နေသည်။

သူတို့တွေ့ကြမည့်အချိန်ကို သူအကြိမ်ကြိမ် စိတ်ကူးယဥ်ကြည့်ဖူးသည်။ ချက်ချင်းပင် သူ့ကိုကို ကို သူပြေးဖက်မိမည်ဟု သူထင်ခဲ့သည်။ သို့သော် ထိုအခိုက်အတန့်ဖြစ်လာသည့်အချိန်၌ သူ၏ ခြေလက်များမှာ ထိန်းချုပ်၍မရတော့။ သူ့သွေးက ပူလောင်နေပြီး ရုန်းကန် ဆန့်ကျင်ကာ နှုတ်ဆက်နေသည်။ သို့သော် သူ့ခြေထောက်များက အလိုလိုမြေကြီးပေါ် မြဲမြဲရပ်နေကာ အတိတ်က ကိုယ်တွယ်မရသည့် ချစ်ခြင်းနည်းကိုသာ ဖက်တွယ်ထားခြင်းနေသည်။ ဤသည်က သူ့ကိုယ်သူ အကြိမ်ကြိမ်အခါခါ စိတ်ထဲစွဲနေအောင် မလုပ်ချင်ပါဘဲ လုပ်ထားမိခဲ့သည့် အကာအရံဖြစ်သည်။ သူ ဆယ်ကျော်သက်အရွယ်တုန်းက ရှိခဲ့သည့် အငြိမ်မနေနိုင်မှုများနှင့် စိတ်ဆန္ဒများကို အောင်မြင်စွာ ချိုးနှိမ်ထားခဲ့ပြီး သူ့အသိစိတ်ထဲ ဖောက်ဝင်ကာ စွဲမြဲနေပြီဖြစ်သည်။ အခု ထိုသည်ကပဲ သူ၏ အကြီးဆုံး အတားအစီးဖြစ်လို့နေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now