Arc 6 အပိုင်း {၁၂၄} (Z+U)
5.7K 1.1K 88
*** နည်းနည်းကြာသွားလို့ မေ့ကုန်ကြရင် Arc အစပိုင်းလေးတွေ ပြန်သွားဖတ်ကြည့်ကြပါလို့။
ဆေးရုံ (၅)
UNICODE
ညဥ့်နက် ဆယ့်နှစ်နာရီထိုးသောအခါ၌ သရုပ်ဆောင်များအား ပိုပြီး ဂုဏ်သိက္ခာကြီးပါသော ယိဟယ်စုန့်က ဦးဆောင်ပြီး ဆေးရုံ၏ မြေညီထပ်ဆီသို့ ရောက်လာကြလေသည်။
သရုပ်ဆောင်များ အချင်းချင်း အနည်းအကျဥ်းတော့ သိထားကြရန် အတော်ကိုလိုအပ်လေသည်။ အကယ်၍ သရုပ်ဆောင်များသာ ကျေနပ်စရာကောင်းပြီး ​ကိုက်ညီကြသည့် စွမ်းအားများနှင့် တွေ့ကြပါက ခဏတာ အသင်းဖွဲ့၍ရကြသည်။ ပူးပေါင်းကြရန် စိတ်ပါမဝင်စားကြလျှင်တောင်မှ အခြားသရုပ်ဆောင်များကို နားလည်အောင်လုပ်ရင်း သတင်းတချို့ရနိုင်ကြလေသည်။ ၁၅၅၂ သရဲခြောက်သောအိမ်ကြီး ဇာတ်ကားတွင် သရုပ်ဆောင်အရေအတွက် စုစုပေါင်းက နောက်ဆုံးညစာနှင့် ပက်သက်နေသည့် အချက်ကို ပြခဲ့လေသည်။
ရှဲ့ချီက နည်းနည်းနောက်ကျမှ ရောက်လာသည်။ ယဲ့ရှောင့်ရှောင့်က သူ့ကိုမြင်လိုက်ပြီး သူမဘေးရှိ အရပ်ရှည်ရှည်နှင့်လူအား စကားအနည်းငယ်ပြောလိုက်ကာ ရှဲ့ချီဆီ ခေါ်လာခဲ့လေသည်။
"ခယ်ရှောင်ပါ။" ခယ်ရှောင်က ရှဲ့ချီအား မသိမသာတစ်ချက်ကြည့်လိုက်ပြီးမှ အရင်ဆုံးနှုတ်ဆက်လာသည်။ ထိုသူက နှိမ့်ချတတ်ပြီး ယဥ်ကျေးကာ မောက်မာခြင်းမရှိသည်ကို တွေ့သောအခါ လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။ ရှဲ့ချီက မျိုးဆက်သစ် သရုပ်ဆောင်များကြားတွင် နာမည်ကြီးလေသည်။ ဒီလောက် နှိမ့်ချတတ်သည်က မထင်မှတ်ထားမိလောက်အောင်ပင်။
ခဏတာ နားလည်မှုယူပြီးသွားသည့်နောက် ရှဲ့ချီနှင့် ခယ်ရှောင်မှာ ပျော်ပျော်ပါးပါးပင် စကားလက်ဆုံကျနေကြတော့သည်။
"မင်းအဆင်ပြေမယ်ဆိုရင် ယဲ့ရှောင့်ရှောင့်နဲ့ ရွယ်တူလောက်ပဲမလား။ သူ့လိုပဲ ဦးလေးကို ဦးလေးခယ်လို့ ခေါ်လေ။" ခယ်ရှောင်က ဖော်ရွေစွာပင်ပြောသည်။ ထူးချွန်ပြီး အကျင့်စရိုက်ကောင်းကြသည့် ငယ်ရွယ်သည့် လူငယ်များကို စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည်ဟု သူ အမြဲ ခံစားရလေသည်။
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now