Arc 5 အပိုင်း {၁၀၂} (Z+U)

6.2K 1.5K 45
                                    

ရှင်လျက်နှင့် ငရဲကျခြင်း (၄)

UNICODE

အဘိုးကြီးတွင် အသက်ရှင်ဖို့ရာနည်းလမ်း လုံးဝမရှိတော့သည်ကို ရှဲ့ချီ သိသည်။

အင်အားနှင့်ပက်သက်လာပါက သူသည် ရှဲ့ရှင်းလန်နှင့် မယှဥ်နိုင်သော်လည်း  သူ့တွင် ကြက်ပေါက်လောက်သာ အားရှိသည်ဟူသည့် သဘောတော့မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ကို မိုးကောင်းကင်က ပြောင်းလဲပေးထားပြီး တိုက်ပွဲများစွာကြောင့် တိုးတက်လာခဲ့သည်။

သို့သော် အဘိုးကြီးက မသေသေး။ သူလဲကျသွားသည့်အချိန် ထူးခြားသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

သွေးအိုင်ထဲတွင် အဘိုးကြီး၏အောက်ရှိ နှင်းနှင့်ရေခဲများ အရည်ပျော်သွားပြီး မာကျောသော ရေခဲအလွှာတစ်ခုပေါ်လာသည်။ ရေခဲအလွှာက နှစ်ဆယ်စင်တီမီတာခန့်ထူပြီး ချက်ချင်းပင် သွေးအိုင်ထဲ အရည်ပျော်သွားခဲ့သည်။ ရေခဲ၏ အောက်တွင် မြေကြီးကော မြစ်ရေပါ ရှိမနေခဲ့ဘဲ ထိုသည်က...သွေးကန်ငရဲဖြစ်လေသည်။

အအေးငရဲရှစ်ထပ်နှင့် အပူငရဲရှစ်ထပ်က နေရာပုံသေဟု အဘိုးကြီးပြောခဲ့သည်။ သွေးကန်ငရဲနှင့် ဓားတောင်ငရဲမှာ ကျပန်း နေရာပြောင်းကြသည်။ ယခု သွေးကန်ငရဲမှာ သူရောက်နေသည့်အထပ်၏ အောက်ထပ်တွင် ကျပန်းရောက်နေလေသည်။

အဘိုးကြီးဆီမှ ပိုးစုန်းကြူးများစွာ ရှဲ့ချီဆီသို့ ပျံဝဲလာသည်။ ရှဲ့ချီ၏ ခန္ဓာကိုယ်ထဲသို့ ပူနွေးသောစီးကြောင်းတစ်ခု အပြေးဝင်လာပြီး သူ့ခြေလက်ထဲရှိ အအေးဓာတ်များကိုဖယ်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် အဘိုးကြီးက ပိုပိုပြီး ဖောက်ထွင်းမြင်ရနိုင်လာသည်။ လေအေးသာ ပိုပြီးပြင်းပြင်းတိုက်လိုက်ပါက လွင့်ထွက်သွားတော့မည့်အတိုင်းပင်။

သူ အဘိုးကြီးအား 'စား' လိုက်ပြီး စွမ်းအင်ရလိုက်သည်ကို ရှဲ့ချီ သဘောပေါက်လိုက်သည်။

အဘိုးကြီးအောက်ရှိ ရေခဲပြင်က လူပုံစံအပေါက်ကြီးအဖြစ် မျက်စိတစ်မှိတ်အတွင်းပင် အရည်ပျော်သွားသည်။ ရေခဲတွေက အပိုင်းအစစကွဲသွားပြီး အဘိုးကြီးသည် သွေးကန်ထဲသို့ 'ပလုံ' ခနဲ ကျသွားကာ သွေးပမာဏအများကြီး ဘေးကိုပက်မိသွားသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now