Arc 5 အပိုင်း {၁၀၅} (Z+U) Two

6.7K 1.5K 161
                                    

ရှင်လျက်နှင့် ငရဲကျခြင်း (၇)
ဒုတိယပိုင်း

UNICODE

ရှဲ့ရှင်းလန် ရှဲ့ချီအား တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။ ရှဲ့ချီက ကိစ္စများကို အကျိုးအကြောင်း ရှင်း​ပြနေသောအခါ သူ၏ မျက်လုံးများမှာ ကြယ်ပွင့်များအလား လင်းလက်နေပြီး သူသည် တောက်ပကာ ယုံကြည်ချက်အပြည်နှင့် ချစ်မြတ်နိုးဖွယ်ရာကောင်းသည်။

"ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ။"

"မင်းကို သဘောကျနေတာလေ။" ရှဲ့ရှင်းလန်က အမှန်တိုင်းသာ ပြောသည်။

"....ပြဿနာရှာမနေနဲ့။" ရှဲ့ချီက သူ့ကို စိုက်ကြည့်လိုက်ပြီး ဆက်ပြောသည်။ "နောက်တစ်ပတ်လည် (ငရဲအထပ် ကျပန်းနေရာပြောင်း)ရင် ဘယ်သွားရမလဲ ကျွန်တော်သိပြီ။"

"ဓားတောင်ငရဲလား။ သွေးကန်ငရဲလား။"

"အရုဏ်တက်ရင် သွေးကန်ငရဲဆီ ကျွန်တော်တို့ ဆင်းသွားလို့ရတယ်။ ကျွန်တော်တို့ အောက်တင်ပဲလေ။ နောက်တစ်ခါလှည့်ရင် ဓားတောင်ငရဲဆီသွားကြမယ်။ အဲ့ဒီကို သွားဖို့က က(ပ်)ပါကို သုံးလိုက်မယ်။"

"ကိုယ်ကျတော့ကော။"

ရှဲ့ချီ သူ့ကို လှမ်းကြည့်လိုက်သည်။ "ကိုယ့်ဟာကိုယ်သတ်ပေါ့။"

"ကိုယ်က အောက်ရောက်နေရင်ကော။ အပေါ်ကဆိုရင် သူတို့ကိုသတ်ပြီး အောက်ဆင်းလို့ရတယ်လေ။ ကိုယ်ကအောက်ထပ်ရောက်နေရင် မတူတော့ဘူး။ တကယ်လို့ ကိုယ်က အလယ်မှာဆိုရင် ဓားတောင်ငရဲရဲ့ နေရာကို ဘယ်လိုဆုံးဖြတ်ရမလဲ ဆိုတဲ့ နည်းမရှိဘူး။ အပေါ်ပဲတက်ရမှာလား။ အောက်ဆင်းရမှာလား ကိုယ်မသိတော့ဘူးလေ။"

"ကိုယ့်ဟာကိုယ် ဖြေရှင်းလေ။" ရှဲ့ချီ၏ ပါးစပ်မှာ တင်းတင်းစေ့ထားသည်။

ရှဲ့ရှင်းလန်က သူ့ကိုကြည့်လိုက်သည်။ "တကယ်ကို ခံစားချက်မရှိဘူး။"

"ကျွန်တော် နောက်နေတာမဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားကို ဂရုစိုက်နေစရာမလိုဘူးလေ။ ခင်ဗျားက အရင်းရှင်လူတန်းစားဆိုတာ မေ့သွားပြီလား။" ရှဲ့ချီ၏ အပြုံးမှာ နည်းနည်း ထူးဆန်းနေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now