ထက်ဝက်ကျော်
UNICODE
ဆုချင်း စိတ်ထဲ တဝီဝီမြည်သွားရသည်။
ရှန်ယိမှာ သူနားလည်နိုင်ရန်အချိန်ကို ပေးမည့်ပုံမပေါ်။ ချန်ကျိုး ပေါ်လာသည်က တစ်ဖက်လူသည် တစ်ခုခုကိုသိထားပြီးဖြစ်ပြီး ဖုံးထား၍လည်းမထူးတော့ကြောင်း သူ့ကို သဘောပေါက်သွားစေပုံရသည်။ သူ၏ ဖုန်းထဲရှိ App ကိုသာဖွင့်လိုက်ပြီး လိုအင်ဆန္ဒ နေရာကိုနှိပ်ကာ တစ်ခုခုကိုလုပ်လိုက်သည်။
ဆုချင်း၏ နှုတ်ခမ်းများ မသိလိုက်ပါဘဲ ပွင့်ဟသွားသည်။ အင်မတန် အံ့ဩမှင်သက်သွားရခြင်းမှ သတိပြန်ဝင်လာသောအခါ သူခေါင်းမော့ကြည့်လိုက်ပြီး အနည်းငယ် မရင်းနှီးသည့်မျက်နှာကို တွေ့လိုက်ရသည်။
"ရှဲ့... ရှဲ့ချီ။" ဆုချင်း၏ မျက်ဝန်းများ မှေးကျဥ်းသွားသည်။
ထိုမျက်နှာက ရှဲ့ချီနှင့် ၃၀-၄၀% လောက် ဆင်တူပြီး ရှဲ့ချီ၏ မျက်နှာအချိုးအစားက ပို၍သိမ်မွေ့လေသည်။ ရှဲ့ချီ၏ မျက်နှာသွင်ပြင်မှာ ပို၍နူးညံ့ကာ ချောမောပြီး သူ့ရှေ့က လူကတော့ ပို၍ စူးရှကာ ချောမောပြီး ပိုပြီး အထက်စီးဆန်လေသည်။
"ကိုယ်က ရှန်ယိပဲ။"
ဆုချင်း မူးမေ့လဲတော့မတတ်ပင်။ ရှန်ယိက မျက်နှာအတုတောင် ရှိနေသေးသည်။ ဆိုလိုတာက သူရှန်ယိကို ဘယ်တုန်းကမှ မသိခဲ့ရဘူးပေါ့။
"App ထဲကို ဝင်လာပြီးချင်း လူအရေခွံမျက်နှာဖုံးကို အမှတ်အနုတ်အဖြစ်ခံပြီး အကြွေးနဲ့ ဝယ်ခဲ့တာ။ အမှတ်တွေပိုများလာတော့ အမှန်ကို ဖုံးထားဖို့ ဆန္ဒလုပ်ထားလိုက်တယ်။" ရှန်ယိက ရှင်းပြသည်။
ဤအရာအားလုံးက လက်ခံဖို့ရာ ခက်ခဲလှသည်။ ဆုချင်း၏ မျက်နှာမှာ ဖြူဖပ်နေပြီး သူ၏ နှလုံးခုန်သံနှင့် အသက်ရှူသံမှာ ဂယက်ရိုက်နေသည်။ ရှန်ယိ၏ အကျင့်စရိုက်နှင့် ရှန်ယိက လိမ်ပြောရခြင်းအား မုန်းသည်ကို သူသိသည်။ သူပြောလိုက်သည်နှင့် ပြောသမျှက အမှန်တွေသာဖြစ်သည်။ မဟုတ်ပါက သူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်မည်ဖြစ်သည်။ အဲ့ဒါဆို ဒါတွေအကုန်လုံးက ... အမှန်တွေပဲ။
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/
![ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]](https://img.wattpad.com/cover/250196836-64-k124562.jpg)