Arc 4 အပိုင်း {၈၇} (Z+U)

5.9K 1.5K 76
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁၉)

UNICODE

"လုဝမ်က တံဆိပ်ကို သွားရှာနေတဲ့အချိန်မှာ မင်းနဲ့ငါက အလောင်းကို သွားလုမယ်။" ရှဲ့ချီက ပြတ်သားစွာပြောသည်။

"ရှဲ့ချီ။" ယွမ့်ဇျဲ၏ မျက်လုံးများ လှုပ်ရှားသွားသည်။ တံဆိပ်ကို ရှာရသည်မှာ အလောင်းလုရသည်နှင့်တန်းတူ အရေးကြီးသော်လည်း အန္တရာယ်အရ နှစ်ခုမှာ အတိုင်းအတာမတူပေ။ အလောင်းလုဖို့ရာမှာ သူတို့တာဝန်ဖြစ်​ပြီး ကျရှုံး၍လည်း ရှဲ့ချီကို ထိခိုက်လိမ့်မည် မဟုတ်ပေ။ တစ်ဖက်တွင် တံဆိပ်မှာကား ရှဲ့ချီအဖွဲ့၏ အဓိကပစ္စည်းဖြစ်သည်...

"စိတ်ထဲ ထိမသွားနဲ့ဦး။ ငါ ဘာလုပ်နေလဲ ငါသိတယ်။ ငါ့ကိုယ်ငါ အနစ်နာခံနေတာမဟုတ်ဘဲ အကျိုးအမြတ်ကို အမြင့်ဆုံးရအောင် လုပ်နေတာ။" ရှဲ့ချီက မျက်မှောင်ကြုတ်ပြီး တည်ငြိမ်စွာပြောသည်။ "အဲ့ဒါအပြင် ရှယောင်က အသုံးဝင်သေးတယ်။ ငါတို့သူ့ကို ကယ်ရလောက်တယ်။"

ရှဲ့ချီက လုဝမ်ကို လှမ်းကြည့်လိုက်သည်။ "တံဆိပ်ကိစ္စ မင်းကို အပ်ထားလိုက်မယ်။"

လုဝမ် အံ့ဩသွားပြီးမှ လေးပင်စွာ ခေါင်း​ငြိမ့်ပြလိုက်သည်။ ဒီလောက်အရေးကြီးသည့်ကိစ္စကို သူ့အား အပ်ထားခဲ့သည်။ လုဝမ်မှာ ဝန်အလေးချိန်ကို ခံစားလိုက်ရပြီး အော်သံကြားလိုက်ရာဖက်ဆီသို့ အပြေးသွားလိုက်သည်။

ရှဲ့ချီနှင့် ယွမ့်ဇျဲမှာ ဆန့်ကျင်ဖက်လမ်းသို့ သွားလိုက်ပြီး ရှဲ့ချီက လမ်းလျှောက်ရင်း ရှယောင်ဆီ စာပို့နေသည်: မြန်မြန် ထွက်လာခဲ့။

ရှ​ယောင်: ...ဟင်။

ရှဲ့ချီ: မင်းအသက်ကို မင်းကယ်ချင်သေးတယ်ဆိုရင် မြန်မြန်လာခဲ့။

ထို့နောက် သူ၏ဘေးရှိ အခန်းမှ နှလုံးကွဲမတတ်အသံကြီး ထွက်လာသည်။ ရှဲ့ချီ အသက်ရှူကြပ်သွားသည်။ အရမ်း နောက်ကျသွားပြီ။

"ကိုကို အခြေအနေက ပြောင်းသွားပြီ။ ကိုကို့ပေါ်ပဲ မူတည်သွားပြီ။"

ရှဲ့ရှင်းလန် ချက်ချင်းပင် ထွက်လာသည်။ စကားတစ်ခွန်းမဆိုဘဲ တံခါးကို အကြမ်းပတမ်း ကန်ဖွင့်လိုက်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now