Arc 4 အပိုင်း {၈၃} (Z+U)

6K 1.5K 99
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁၅)

UNICODE

App က အချိန်စမှတ်နေပြီး ရှဲ့ချီသည် မတုံ့ဆိုင်းဘဲ တိရစ္ဆာန်အဖွဲ့ထဲ ဝင်လိုက်တော့သည်။ စကားပြောပြီးနောက် သုံးယောက်သား အခန်းထဲမှ ထွက်လိုက်သည်။ ယွမ့်ဇျဲနှင့် လုဝမ်က အလောင်းကိုသွားရှာကြပြီး ရှဲ့ချီက ဒုတိယနာမည်ကို သွားရှာရန်အတွက် သိုးပေါက်မီးသွေးကင်ရှိသည့် အခန်းထဲသို့ သွားလိုက်သည်။

ယိုကျင်ကျေးဇူးကြောင့် အကုန်လုံး သွားလိုက်ရှာရန် စံအိမ်ထဲ တစ်နေရာစီရောက်နေကြသည်။ ရှဲ့ချီသည် ဟင်းရှိနေသည့် အခန်းထဲသို့ လွယ်လွယ်ပင် ဝင်သွားသည်။ မျောက်ဦးနှောက်စိမ်း၊ ကျွိသုံးခါနှင့် သိုးပေါက်မီးသွေးကင်တို့အပြင် ကျန် ဟင်းသုံးမျိုးမှာ မြည်းသား၊ လိပ်သားသံပူကပ်နှင့် ကလေးစွပ်ပြုတ်တို့ဖြစ်သည်။

အလောင်းမှာ ခုတင်အလယ်တွင် ရှိနေသည်။ ဘယ်သူမှ ဂရုမစိုက်ခဲ့။ ရှဲ့ချီ စရှာတော့မည့်အချိန်တွင် အလောင်း၏ လည်ပင်းရှိ ကြိုးအနီကို တွေ့လိုက်သည်။ သူက မှတ်ဉာဏ်ကောင်းသည်။ အရင်တစ်ခါက အလောင်း၏ လည်ပင်းပတ်လည်တွင် ဒီလိုဟာမျိုး ရှိမနေခဲ့။

ရှဲ့ချီက ကြိုးအနီကို အသာဆွဲလိုက်ပြီး ပြုတ်ကျလာသည်။ ကြိုးအနီ၏ အဆုံးနားတွင် တံဆိပ်တစ်ခု ချိတ်ဆွဲထားသည်။ သိုးပေါက်မီးသွေးကင်ဟု ပါလေသည်။ တံဆိပ်က ဤနေရာတွင် ပေါ်လာသောကြောင့် ရှဲ့ချီ စိတ်ထဲ ကျိတ်ပျော်သွားရသည်။ သူသာ အမြန်မယူခဲ့လိုက်မိပါက အခြားတစ်ယောက် ဦးသွားပါလျှင် ဒုက္ခများမည်ဖြစ်သည်။ (အရင်က ဟင်းတွေရဲ့ နာမည်ကိုလိုက်ရှာရမယ်လို့ ဘာသာပြန်ထားတာကနေ တံဆိပ်လို့ပြောင်းလိုက်ပါတယ်။ )

ရှဲ့ချီက App ၏ အိတ်ထဲသို့ ဒုတိယတံဆိပ်ကို ထည့်လိုက်ပြီး လုဝမ်နှင့် သွားတွေ့ရန်ပြင်သည်။ သူအခန်းထဲမှ ထွက်လိုက်သည့်အချိန်တွင် ကော်ရစ်ဒါရှိ မီးများက အကြိမ်အနည်းငယ် မှိတ်လိုက်လင်းလိုက်ဖြစ်သွားသည်။ ရုတ်တရက် မီးပိတ်သွားပြီး ဘေးပတ်လည်မှာ အမှောင်ကျသွားသည်။

ဒုတိယထပ်ရှိ လှေကားဘေးနေရာတွင် အလင်းနည်းနည်းထွက်နေသည်။ ရှဲ့ချီမှာ သတိကြီးကြီးထားနေသည်။ မကောင်းဆိုးဝါးဓားသွားကို ဆုပ်ကိုင်ထားပြီး လှေကားထိပ်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။ ဘေးပတ်လည်မှာ အလွန်အမင်း တိတ်ဆိတ်နေသည်။ သူထောင့်ချိုးနှင့် နီးလာသောအခါ ရှဲ့ချီ ချိုးဝင်လိုက်တော့မည့်အချိန်တွင် လှေကားပေါ်မှ ယွမ့်ဇျဲ၏ အော်သံကို ကြားလိုက်ရသည်။ "သတိထား။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now