Arc 4 အပိုင်း {၈၄} (Z+U)

6.1K 1.5K 216
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁၆)

UNICODE

လုဝမ် ရှေ့တက်ကာ မျက်နှာကြက်ပန်ကာမှ ဆွဲချရန် သရုပ်ဆောင်၏ ခြေထောက်များကို ဆွဲလိုက်သည်။ လုဝမ်က သေချာ စစ်ဆေးကြည့်ပြီးနောက် နောက်လှည့်ကာ နှစ်ယောက်ကို ပြောလိုက်သည်။ "အတိအကျပြောရရင် သူ့ရဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်တွေနဲ့ လျှာ ပျောက်နေတာ။"

ရှဲ့ချီ၏ မျက်လုံးများက နားလည်ကြောင်းပြသည်။

ယွမ့်ဇျဲ မျက်မှောင်ကြုတ်လိုက်သည်။ "လုမင်သေသွားတဲ့နည်းနဲ့ တစ်ပုံစံတည်းပဲမလား။ လူသားစားသရဲက လုပ်သွားတာလား။ ဘာလို့ တစ်ညထဲနဲ့ လူနှစ်ယောက်ကိုသတ်ပစ်တာလဲ။ လုမင်သေသွားရင် ဘေးကင်းတဲ့အချိန်ပိုင်းတိုလေးတော့ ရှိဦးမယ်လို့ ငါထင်ထားတာလေ..."

လုဝမ် ရှဲ့ချီကို လှမ်းကြည့်လိုက်သည်။

ရှဲ့ချီက ပြောသည်။ "ပြန်သွားပြီးမှ ပြောရအောင်။"

သုံးယောက်သား သူတို့အခန်းထဲ ပြန်လာပြီး တံခါးကို ပိတ်လိုက်သည်။ ရှဲ့ချီက ပြောသည်။ "ငါ့အထင်ကိုတော့ အတည်ပြုလိုက်ပြီ။ လူသားစားသရဲက သူသွားရတဲ့အချိန်တိုင်း လူတစ်ယောက်ကို သတ်တယ်။"

လုဝမ် မျက်လုံးများပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။ "လူသားစားသရဲကို သူတို့က သွားကူရှာပေးနေတာမဟုတ်ဘူးလား။ ဘာလို့ သတ်ပစ်ရတာလဲ။"

ယွမ့်ဇျဲ၏ တုံ့ပြန်မှုက အတော်ကိုမြန်သည်။ "မင်းတွေးနေတဲ့ပုံစံက မှားနေတယ်။ ဒီလိုလည်း တွေးလို့ရတယ်။ အားကြီးလာဖို့က ယဇ်ပူဇော်သလိုမျိုး တန်ဖိုးတစ်ခုလိုတယ်။ တကယ်လို့ သရဲမက သရဲစွမ်းအားပါတဲ့သွားကို လိုချင်တာဆိုရင် သူ လူတစ်ယောက်ကို ယဇ်ပူဇော်လိုက်မှ သွားက အဲ့ဒီလူရဲ့ လတ်ဆတ်တဲ့သွေးနဲ့ ဖုံးသွားမှာလေ။"

လုဝမ် ခေါင်းငြိမ့်ပြလိုက်သည်။ "မင်း အဲ့လိုပြောပြတော့ နားလည်သွားပြီ။"

ရှဲ့ချီ တံခါးကို မှီထားသည်။ "ငါလည်း အဲ့အကြောင်း စဥ်းစားနေတာ။ လုမင်ကို လူသားစားသရဲက သတ်သွားတယ်။ ဘာကိုသူလုပ်လိုက်မိလို့ အသတ်ခံလိုက်ရတာလဲ။ အစက ငါမှန်းထားတာက သွားကို ပေးလိုက်တဲ့လူက လူသားစားသရဲ သတ်တာကို ခံရမယ်ဆိုပေမဲ့ အသုံးအနှုန်းကို ပြောင်းလိုက်တာက ပိုကောင်းမယ်ထင်တယ်။ သရဲမက သွားတစ်ချောင်း ရလိုက်တဲ့အခါတိုင်း သရဲမရဲ့ အဖွဲ့ထဲက ကျပန်းလူတစ်ယောက် သေလိမ့်မယ်။ အဲ့ဒါကြောင့် ခဲရောင်နာမည်နဲ့ သရုပ်ဆောင်မင်းသားက သေသွားတာပဲ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now