Arc 7 အပိုင်း {၁၅၅} (Z+U)

4.5K 975 76
                                    

တားရော့ ဂိမ်း (၅)

UNICODE

ရှဲ့ချီ ချောင်းဟန့်လိုက်သည်။ "မင်းကို အမှန်ပြင်ပေးမယ်။ တုန်ယင်နေတာမဟုတ်ဘူး။ စိတ်လှုပ်ရှားနေတာ။"

ယွမ့်ဇျဲ "......"

ရှဲ့ချီ ဆက်ပြီး စာရိုက်လိုက်သည်:[အဘွားအိုကြီးရယ်လည်း မဟုတ်ဘူး။ သရုပ်ဆောင်တွေကလွဲပြီး အခန်းထဲမှာရှိနေတဲ့ ဘယ်သူမဆိုဖြစ်နိုင်တယ်။ ဒါပေါ့ အဘွားကြီးက သေချာပေါက် သံသယဖြစ်စရာအကောင်းဆုံးပဲ။ အဲ့ဒါအပြင် ဒါကိုသိထားတော့လည်း လောလောဆယ် တားရော့ဂိမ်းဆော့နေရတဲ့အချိန် ငါတို့ကို ဘာမှသိပ်ကူညီမပေးနိုင်ဘူး။]

ဤတစ်ကြိမ်သည် အမှန်တရားကို သိထားဖို့ရာ လိုအပ်ခြင်းက ဂိမ်း၏ စည်းမျဥ်းများအားလုံးကို နားလည်နေခြင်းထက် များစွာ နည်းပါးလေသည်။ ပဟေဠိအား မဖြေရှင်းမီ သူ့လုံခြုံရေးကိုသူ ဦးစွာ သေချာအောင်လုပ်ရပေမည်။

ဤဇာတ်ကားသည် အရင်ကဟာတွေနှင့်မတူ။ ဇာတ်ကြောင်းကို စူးစမ်းရှာဖွေပြီးသွားသည်နှင့် ထွက်သွား၍မရပေ။ ခုနစ်ညကြာအောင် နေရမည်ဖြစ်သည်။ ထို့ကြောင့် ဂိမ်း၏ စည်းမျဥ်းများကို သူတို့စောစောနားလည်ထားလေလေ ပိုပြီး အားသာချက်ရှိလေဖြစ်သည်။

ယွမ့်ဇျဲမှာ ကိုယ်ခန္ဓာနှင့် အမီမလိုက်နိုင်သော်လည်း သူ၏ စိတ်ကအလွန်ထက်မြက်သည်။ ရှဲ့ချီ၏ ပြောစကားများ အဓိပ္ပါယ်ကို အလွယ်တကူပင် နားလည်နိုင်လေသည်။ သူ တွေးကြည့်လိုက်ကာ ပို့လိုက်သည်။ [ငါ့အထပ်မှာတော့ သော့ခတ်ထားတဲ့တံခါး မရှိဘူး။ ငါတို့ဘေးက သုံးခန်းတွဲကရော။ ဝင်လို့ရလား။]

သူတက်လာနေရင်းနှင့် သော့ခတ်ထားသည့် အခန်းသုံးခန်းမှာ အခန်း၏ ညာဘက်ဘေးတွင် ရှိနေသည်ကို သတိထားမိခဲ့သည်။

ရှဲ့ချီ: [အဲ့အကြောင်း နောက်မှ ပြောကြရအောင်။]

ယွမ့်ဇျဲ၏ မျက်လုံးများ လက်သွားသည်။ [အစေခံတွေက ဆန့်ကျင်ဘက်တွေ ပြောထားမှာကို စိုးရိမ်နေတာလား။ သူတို့က ငါတို့ကို မဝင်သွားဖို့ သတိပေးထားခဲ့ပေမဲ့ တကယ်တမ်း အထဲမှာ သဲလွန်စတွေ ရှိနေတယ် ဆိုတာမျိုးလား။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now