Arc 5 အပိုင်း {၁၁၄} (Z+U)

5.5K 1.2K 196
                                    

ရှင်လျက်နှင့် ငရဲကျခြင်း (၁၆)

UNICODE

[နတ်ဆိုးစ​က်ကွင်း၏ သက်ရောက်မှု: မိမိကိုယ်အား ဗဟိုမှတ်အဖြစ်ယူကာ ပတ်လည် ငါးမီတာအတွင်းတွင် ထာဝရညတာတွင်း ဝင်ရောက်ပါ။]

[နတ်ဆိုးစက်ကွင်း၏ သက်ရောက်မှု:

၁။ သွေးစွန်းပွဲတော်: ထာဝရညတာဟူသည် သတ်ဖြတ်အမဲလိုက်ခြင်းအတွက် ဖြစ်သည်။ သုံးမိနစ်ကြာအောင် ကိုယ်ရည်ကိုယ်သွေး၏ ပိုင်ရှင်သည် အင်အားအရာတွင် ၁၀၀% တိုးလာပါလိမ့်မည်။]

[၂။ လွန်ကဲစွာ အမြင်ကွယ်ခြင်း: အတွင်းရှိ သားကောင်သည် ယာယီ မျက်စိကွယ်သွားပါမည်။]

[၃။ သွေးနှင့် စည်းပိတ်ခြင်း: အတွင်းရှိ သားကောင်အတွက် သုံးမိနစ်ကြာအောင် အိုင်တမ်အားလုံး အကျုံးမဝင်ဖြစ်ပြီး ထာဝရညတာ ပိုင်နက်အတွင်းမှ ထွက်ပြေး၍မရနိုင်ပါ။]

[၄။ နတ်ဆိုးကျိန်စာ: အတွင်းရှိ သားကောင်သည် သုံးမိနစ်အတွင်း ၅၀% အားနည်းသွားပါမည်။]

[သတိပေးချက်၊ အမဲလိုက်မှု ကျရှုံးပါက ပိုင်နက်သည် တန်ပြန်ထိခိုက်ခြင်းများ ဖြစ်ပေါ်စေပါမည်။ သတိပေးချက်—]

သူ့ခေါင်းထဲတွင် သတိပေးချက်များမြည်နေသော်လည်း ရှဲ့ရှင်းလန် မကြားနိုင်တော့။

ချန်ကျိုးသည် အနီးတွင်ရှိနေပြီး ရှဲ့ရှင်းလန်အား အဆောင်ကိုကြည့်မိရန် အတင်းမျက်လုံးဖွင့်ခိုင်းတော့မည့်အချိန်တွင် ရုတ်တရက် အမှောင်ကျသွားလေသည်။ ဤအမှောင်ထုသည် အလင်းရောင်ကိုမြင်ရသေးသည့် ကြယ်မရှိ၊လမိုက်ညနှင့် မတူပေ။ အထီးကျန်ပြီး ပြင်းပြလှသော အမှောင်ထုကြီးဖြစ်သည်။

သူ၏ ခေါင်းနောက်မှ အမှောင်ထဲရှိ နတ်ဆိုးတစ်ကောင်က သူ့အား စိုက်ကြည့်နေသကဲ့သို့ ရုတ်တရက် အေးစိမ့်မှုကြီးရှိလာသည်။ သူ၏ စိတ်ထဲ ချောက်ချားမှုက တိုးဝင်ရောက်လာသည်။ ချန်ကျိုး ကြောက်လန့်တကြား နောက်ဆုတ်လိုက်သော်လည်း သူ၏လှုပ်ရှားမှုများမှာ နှေးကွေးတောင့်တင်းနေကြောင်း သိလိုက်ရသည်။

"ဘယ်လိုအခြေအနေကြီးလဲ။ ချန်ကျိုးက ဘာလို့ ရုတ်တရက်ကြီး ကန်းသွားတာလဲ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now