Arc 7 အပိုင်း {၁၆၆} (Z+U)

3.8K 944 96
                                    

UNICODE

တားရော့ ဂိမ်း (၁၆)

ရှဲ့ရှင်းလန် ဘေးတိုက်ကြည့်လိုက်သောအခါ သွေးမိစ္ဆာဓားက သူ့ဆီသို့ လျင်မြန်စွာ ပျံလာနေသည်ကို တွေ့လိုက်ရသည်။ လုံးဝအားကုန်နေပြီဖြစ်သော သူ၏ ကိုယ်ကို ချက်ချင်းပင် ထူလိုက်ကာ သွေးမိစ္ဆာဓားဆိီသို့ ပြေးသွားလိုက်သည်။

သွေးမိစ္ဆာဓားက ၎င်း၏သခင်ကို မြင်လိုက်ရသည်နှင့် အလွန်စိတ်လှုပ်ရှားကာ ၎င်း၏ အရှိန်မှာ မူလရှိရင်းထက်ပင် ပိုကျော်သွားလေတော့သည်။

လူတစ်ယောက်နှင့် ဓားတစ်လက်ကြား အကွာအဝေးမှာ လျင်မြန်စွာပင် တို​တောင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့ နီးကပ်သွားကြတော့သည်။ ဓားပေါ်ရှိ ကျီးကန်းက ပျံဆင်းကာ ရှဲ့ရှင်းလန်နှင့် ဆုံတော့မည့်အချိန်တွင် ရှဲ့ရှင်းလန်နောက်ရှိ ကျန်းရှော့၏ လှုပ်ရှားမှုများကိုတွေ့ကာ စိတ်ပူတကြီး အာလိုက်သည်။

သွေးမိစ္ဆာဓား၏ တောက်ပလှသောအလင်းရောင်က ရှဲ့ရှင်းလန်၏ အနောက်မှ ထွန်းလင်းနေသည်။ ထိုနေရာတွင် ကျန်းရှော့၏ ခန္ဓာကိုယ်မှာ နည်းနည်းချင်း ဖောက်ထွင်းမြင်ရစပြုလာပြီး သရဲတစ်ကောင်အလားဖြစ်သွားတော့သည်။ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လွန်းရကား အချိန်ကိုပင် ကျော်လွန်လုနီးပါးဖြစ်ကာ လွယ်လင့်တကူပင် ရှဲ့ရှင်းလန်ကို လိုက်မီသွားလေသည်။

ရှဲ့ရှင်းလန်မှာ တုံ့ပြန်ဖို့ရာ အချိန်ပင်မရှိလိုက်။ သူ၏ ခန္ဓာကိုယ်ကို ဖြူဖပ်သောလက်များက ဖောက်ထွင်းသွားပြီး နာကျင်မှုက ရိုက်ခတ်လာသည်။ နာသည့် ဒဏ်ကို မခံနိုင်တော့၍ ရှဲ့ရှင်းလန်မှာ မေ့လဲလုနီးပါးပင်။ လက်များကို ဖယ်ပစ်ချင်သော်လည်း ကျန်းရှော့က လှောင်သံပြုကာ ရှဲ့ရှင်းလန်၏ ကိုယ်ထဲသို့ တစ်ခါတည်း ဝင်လိုက်တော့သည်။

ရှဲ့ရှင်းလန်၏ သွေးပေနေသော ရင်ဘတ်နှင့် ဗိုက်နားတွင် ကျန်းရှော့၏ ဖြူဖပ် ဆိုးဝါးလှသော မျက်နှာကြီး ပေါ်လာသည်။ သူက ရှဲ့ရှင်းလန် ခန္ဓာကိုယ်၏ အတွင်းအင်္ဂါများကို ဖျက်စီးနေခြင်းဖြစ်သည်။ ရှဲ့ရှင်းလန်မျက်လုံးထဲရှိ သက်ဝင်မှုက နည်းနည်းချင်း မှိန်လျော့သွားသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now