Arc 7 အပိုင်း {၁၇၄} (Z+U)

8.2K 1K 316
                                    

UNICODE

တားရော့ ဂိမ်း (ဇာတ်သိမ်းပိုင်း)

[ဇာတ်ကား ဧကရာဇ်က ကူယွီကို သတ်လိုက်ပြီ။ ဇာတ်ကားဧကရာဇ် နိုင်သွားပြီ။ အားးးး ဖေဖေ ကျန်းရှော့ရေ။]

[မဟုတ်ဘူး။ ရှဲ့ချီ တံခါးကို ဖွင့်လိုက်တယ်လေ။ အဲ့ဒီ နှင်းဆီဖြူ... ရှဲ့ချီ ရှုံးသွားတာနဲ့ မတူဘူးနော်။ နှလုံးတွေကိုလည်း ဖျက်စီးလိုက်သေးတယ်။ အဲ့ဒါက ဇာတ်ကားဧကရာဇ်အတွက် သိပ်မကောင်းလောက်ဘူးလို့ ငါထင်တာပဲ။]

[ဖာ့ခ်....အပေါ်ကလူ။ ငါ့ကို မခြောက်ပါနဲ့။]

[အမှန်တိုင်းပြောရရင် ငါ ဇာတ်ကြောင်းကို နားမလည်သေးဘူးရော်။]

[တရားခွင် စနေပြီ။ အားးး စိတ်လှုပ်ရှားလိုက်တာ။]

****************

        ကျန်းရှော့နှင့် ရှဲ့ချီမှာ လေထုထဲတွင် ကွယ်ပျောက်သွားပြီး ကျောက်သားတံခါးကြီးလည်း ဖြည်းဖြည်းချင်း ပိတ်သွားသည်။ ငါးမိနစ်ခန့် ကြာသွားပြီးနောက် ကျောက်တံခါးကြီး ပြန်ပွင့်လာပြန်သည်။ ဒီတစ်ကြိမ်တွင် ကျောက်တံခါးနောက်ရှိ အခေါင်း ၁၁ ခု၏ အဖုံးများကို ဖွင့်ထားလေသည်။

        အနက်ရောင် အခေါင်းတစ်ခုစီထဲတွင် လူတစ်ယောက် လှဲနေသည်။ သရုပ်ဆောင် ၁၀ ယောက်နှင့်စုန်းထီးပေါင်း၍ စုစုပေါင်း ၁၁ ယောက်ရှိလေသည်။ တစ်နည်းပြောရလျှင် သူတို့အားလုံးသည် ဤတားရော့ဂိမ်း၏ ကစားသမားများ ဖြစ်ကြလေသည်။ သူတို့ မျက်လုံးများကို မှိတ်ထားကြပြီး လက်များကား ဗိုက်ပေါ်တွင် ထပ်လျက်တင်ထားကြပြီး အမူအရာများမှာ တမန်တော်တို့ရင်ခွင်ထဲ အိပ်မောကျနေသည့်အလား ငြိမ်အေးနေကြသည်။

        အလင်းမရှိလေသည့် အခန်းမှောင်မှောင်ထဲတွင် အလင်းတန်းတစ်ခုက ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။ အလင်းက အခန်းထိပ်မှ ရောက်လာခြင်းဖြစ်သည်ယ အခန်း၏ ထိပ်တွင် အပေါက်တစ်ပေါက် ပေါ်လာလေသည်။ ထိုအပေါက်သည် ကြီးသထက်ကြီးလာသည်မှာ မျက်နှာကျက်သည် လူတွေ၏ မျက်လုံးကို ကွယ်ထား၍ မရတော့သည်အထိပင်။

        ကောင်းကင်မှာ မှုန်မှိုင်းကာ အပြာရောင်သမ်းနေပြီး နှင်းမှုန်ရိုက်နေသည့် မှန်သားပြင်နှင့် အနည်းငယ် တူလေသည်။ အလွန်ကြီးမားကာ အလှမ်းဝေးလှပြီး နက်နဲ ​ကျယ်ပြန့်လေကာ လောကရှိအရာအားလုံးကို ထိန်းထားပေးနိုင်သည့်အလားပင်။ သို့သော်ငြား ဘဝ၏ ကံကြမ္မာအလှည့်အပြောင်းကတော့ မပြောင်းလဲပေ။ ပွေလီလှသည့်ကောင်းကင်ထက်တွင် နှင်းအလားဖြူစွတ်နေသည့် အရိပ်တစ်ခု ဖြည်းဖြည်းချင်း ကိုယ်ထည်​ပြလာသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now