အပိုင်း {၁၇၈} (Z+U)

4.6K 815 45
                                    



နတ်ဘုရား

UNICODE

ယန်ကျင်းသည် ရှဲ့ချီနိုးလာသည်ကို မြင်သည်နှင့် ချက်ချင်းပင် အပြေးရောက်လာသည်။ ဆိုဖာနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အမေအိုကြီးတစ်ယောက်လို မေးမြန်းတော့သည်။

"ငါဘာမှမဖြစ်ဘူး။" ရှဲ့ချီက သူ့ကို နှစ်သိမ့်ရှာသည်။

လီဟောက်မှာ နောက်မှလိုက်လာပြီး ဆိုဖာပေါ်ရှိရှဲ့ချီကို မြင်သောအခါ နေရာတွင်ပင် တုန့်ဆိုင်းသွားသည်။ ရှဲ့ချီတွင် ညင်သာပြီး ရင်းနှီးပြီးသား မျက်နှာပင် ရှိနေသော်လည်း ပေးစွမ်းနေသည့် ခံသားချက်ကမတူပေ။ မသိသာသော်လည်း လူတွေ၏ နှလုံးသားကို အံ့ဩတကြီး ကိုင်လှုပ်နိုင်စွမ်းသော ဖော်ပြလို့မရသည့် ပြောင်းလဲမှုပင် ဖြစ်သည်။

ယန်ကျင်းမှာ စိုးရိမ်မှုကြောင့် မခံစားမိလိုက်သော်လည်း လီဟောက်၏ အမူအရာမှာ အနည်းငယ်ထိတ်လန့်သွားပုံ ပေါ်နေသည်။ ဆိုဖာပေါ်တွင် ထိုင်နေသူကတော့ အေးဆေးသက်သာစွာပင် မည်းနက်သောမျက်လုံးများထဲမှ အလင်းပါးပါးလေး ဖြတ်ခနဲလက်သွားကာ သူ့အား မော့ကာ စိုက်ငေးကြည့်နေလေသည်။

"မင်း...မင်းဘယ်သူလဲ။" လီဟောက်သည် ခက်ခဲစွာ မေးခွန်းထုတ်လိုက်သည်။

ရှဲ့ချီမှာ နည်းနည်းတော့ အံ့ဩသွားရသည်။ လီဟောက်ကို သူမှတ်မိသည်။ ရှန်ယိ၏ သူငယ်ချင်းကောင်းဖြစ်ကာ နောက်ပိုင်းတွင် ကျန်းရှော့နှင့်အတူ ရှန်ယိကို ဝိုင်းတိုက်ခဲ့သော သူဖြစ်သည်။ ရှန်ယိ သေသွားရသည်မှာ လီဟောက်ကြောင့် အများကြီးပါသည်။ လီဟောက် အခုထိ အသက်ရှင်နေရခြင်းမှာ ရှဲ့ချီက ရှန်ယိ၏ ဆန္ဒကို မဖြည့်ဆည်းလိုက်သေးခင် Pet အဖွဲ့အစည်းမှ သူထွက်သွားသောကြောင့် ဖြစ်သည်။

ရှန်ယိ၏ လိုအင်ဆန္ဒမှာ Pet အဖွဲ့အစည်းကို ဖျက်စီးပစ်ရန်သာဖြစ်သည်။ လီဟောက်သာ Pet အဖွဲ့အစည်းမှ ထွက်သွားပါက သူလဲ သေချာပေါက် ဖျက်စီးခံရလိမ့်မည် မဟုတ်ပေ။

ရှဲ့ချီမှာ သူ့ကို ထူးပြီး လိုက်မရှင်းချင်တော့ပေ။ ဒါကို နောက်ကျ ရှန်ယိ ကြည့်ရှင်းဖို့အတွက်သာ ထားလိုက်တော့မည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now