အပိုင်း {၁၇၆} (Z+U)

4.4K 835 220
                                    

   UNICODE

ကြယ်ပွင့်

     သူ့အရှေ့ရှိ အရာအားလုံး တွန့်လိမ်ဝေဝါးသွားသည်။ ကောင်းကင်တစ်ပတ်လည်သွားပြီးနောက် ရှဲ့ချီ မေ့လဲကျသွားတော့သည်။

*****************

        ဤသည်ကား ဇာတ်ကားဧကရာဇ်ပိုင်သော ဇိမ်ခံစံအိမ်ကြီး ဖြစ်သည်။ ယွမ့်ဇျဲ နှင့် ယန်ကျင်းမှာ အောက်ထပ်တွင် စကားပြောနေစဥ် လူတစ်ယောက် ရုတ်တရက် ရောက်လာသည်။

        သူတို့ရှေ့က လူမှာ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ် တောင့်တောင့်နှင့် ဖြောင့်မတ် ချောမောသော ရုပ်ရည်ရှိကာ တည်ငြိမ်ပြီး စကားနည်းပုံရသည်။ သူ့ကိုကြည့်လိုက်လျှင် လုံခြုံစိတ်ချမှုကို ခံစားရစေနိုင်သည့် လူမျိုးဖြစ်သည်။

        ယန်ကျင်းသည်ကား ထိုသူကိုမြင်လိုက်သည်နှင့် သတိကြီးစွာဖြင့် ရှေ့သို့ခုန်ထွက်လာသည်။

        "ဒါဘယ်သူလဲ။" ယန်ကျင်း၏ တုံ့ပြန်မှုမှာ ကြီးလွန်းလှသဖြင့် ယွမ့်ဇျဲမှာ ပါးစပ်ကို အသာအုပ်ရင်း ခပ်တိုးတိုး မေးလိုက်သည်။

        ထိုသူမှာ ကြားသွားပုံပေါ်သည်။ ပြုံးပြကာ သူ့ကိုယ်သူ မိတ်ဆက်လာလေသည်။ "မင်္ဂလာပါ။ ကျွန်တော်က ထိပ်တန်းသရုပ်ဆောင် လီဟောက်ပါ။ ကျွန်တော်က Pet ဆိုပေမဲ့ အရင်ကတည်းက အဖွဲ့အစည်းက ထွက်ခဲ့ပြီးပါပြီ။ အဲ့ဒါကြောင့် ရှဲ့ချီ လိုအင်ဆန္ဒပြည့်သွားတော့ ကျွန်တော် မသေခဲ့တာပါ။"

        ယွမ့်ဇျဲမှာ သူ လက်စားချေဖို့ရောက်လာသည် ထင်ကာ မျက်နှာမှာ အေးစက်သွားတော့သည်။ "မင်း ဘာလိုချင်လို့လဲ။"

        "အထင်မလွဲပါနဲ့။ ရှဲ့ချီကို တွေ့ချင်ရုံတင်ပါ။ သူ့ကို ပြောစရာလေးရှိလို့လေ။"

        ယွမ့်ဇျဲမှာ စိတ်မအေးသေးပေ။ "အရင်ကတည်းက အဖွဲ့အစည်းကနေ ထွက်ပြီးပြီဆို။ ဘာလို့ ကျန်းရှော့က မင်းကို မသတ်တာလဲ။"

        လီဟောက်၏ မျက်နှာထက်၌ အထီးကျန်မှုက ခေတ္တခဏ ထွက်ပေါ်လာသည်။ သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ စိတ်ထိန်းလိုက်ပြီး မူသေအသံနှင့်သာ ဖြေလိုက်သည်။ "တကယ်တော့ သူက အဲ့လောက်ရက်စက်တတ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး သူနဲ့ပက်သက်ပြီး မှားခဲ့ကြတာ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now