အပိုင်း {၆၈} (Z+U)

8.7K 1.6K 108
                                    

ချိတ်ဆက် ဇာတ်ကား

UNICODE

ရှဲ့ရှင်းလန်၏ ခန္ဓာကိုယ် ဖုန်းထဲ ပြန်ရောက်သွားပြီဖြစ်သည်။ ရှဲ့ချီ အနည်းငယ် ပင့်သက်ရှိုက်လိုက်မိပြီး သူ၏ ခြေထောက်များတောင့်တင်းနေကာ မေ့လဲကျတော့မတတ်ဖြစ်နေသည်။

တစ်ခါတုန်းက သူ၏ လိုအင်ဆန္ဒမှန်သမျှကို လှောင်အိမ်ထဲပိတ်ကာ ဘုရားသခင်ကိုသာ ကိုးကွယ်ယုံကြည်သော ဘာသာတရားကိုင်းရှိုင်းသည့် သီလရှင်အလား ချုပ်တည်းနေထိုင်ခဲ့သော်လည်း ချုပ်တည်းနိုင်သူနတ်ဘုရားမှ ရာဂပင်လယ်ထဲသို့ ပြုတ်ကျသွားသော နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

သူတို့၏ ပထမဆုံးအနမ်းမှာ ကျောင်းဝန်းထဲ ယှဥ်တွဲလမ်းလျှောက်သွားကြသည့် အတွဲများကဲ့သို့ နုငယ်ပြီး လှပမည်ဟု သူထင်ခဲ့ဖူးသည်။ တကယ်ကို လှပသော်ငြား နုငယ်မနေခဲ့။ စိတ်ကြွလောက်စရာ စိုစွတ်ပူပြင်းပြီး နားလည်မှုတစ်မျိုးနှင့် ပြည့်နေခဲ့သည်။ နှလုံးသားထဲရှိ မီးစကို တစ်ခါတည်း ထွန်းပေးလိုက်နိုင်သော တရွရွခံစားချက်လည်း ရှိနေပြန်သည်။ အလောင်ကျွမ်းခံလိုက်ရသောလူမှာ အံ့အားသင့်ကာ လိုလိုလားလားပင် အကျခံလေသည်။

ရှဲ့ချီက အသက် ၂၁ နှစ်ရှိပြီဖြစ်သည်။ သူဘာ အတွေ့အကြုံမှမရှိသေးသော်လည်း အကုန်နားလည်လေသည်။ အကယ်၍ နာရီဝက်လောက်သာ အချိန်ရပါက သူ့ကိုကို သေချာပေါက် ဆက်လုပ်မည်ဖြစ်သည်။

ရှဲ့ချီမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေသော ရှဲ့ရှင်းလန်ကိုလည်း လန့်ပြီး သူ့ကိုယ်သူလည်း လန့်သွားသည်။ အရင်ကလူသည် သူ့ပုံမှန်ပုံစံနှင့်ကိုမတူ။ ကံကောင်း၍ သုံးမိနစ်တည်းမို့သာပင်။

သူ့ အင်္ကျီမှာ တွန့်ကြေနေပြီး အပေါ်ကြယ်သီးနှစ်လုံးလည်း ပြုတ်ထွက်သွားသည်။ ဖြစ်စဥ်တစ်ခုမဟုတ်သည့်နေရာမျိုးတွင် ဒီလောက်ရှက်စရာကောင်းတာဖြစ်သွားမည်ဟု ရှဲ့ချီ မထင်မှတ်ထားပေ။ ခါးသီးစွာ ပြုံးလိုက်ပြီးနောက် ရေပိုက်ကိုဖွင့်ကာ မျက်နှာအေးသွားအောင် သစ်လိုက်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now