Arc 4 အပိုင်း {၆၉} (Z+U)

10.1K 1.6K 214
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁)

UNICODE

နောက်တစ်နေ့ မနက်ခင်းအစော၌ App ထံမှ အိုင်တမ်ကို ရှဲ့ချီ ရလိုက်သည်။ ဇာတ်ကားတို တူတူပုန်းတမ်း အတွက် ပေးသည့်ဆုဖြစ်ကြောင်း App က ရှင်းပြသည်။ တင်ပြစရာရှိသည်များ တင်ပြပြီးပြီဖြစ်သည်။

အစီအစဥ်အဖွဲ့မှာ အလွန်ကပ်စေးနှဲသောကြောင့် ခြောက်ခြားဖွယ်ရာအစုံအလင်က အိုင်တမ်များမပေးသည့်အကြောင်းကို ရှဲ့ချီမှတ်မိသည်။ ခက်ခဲမှုမညီမျှလျှင်တောင်မှ သရုပ်ဆောင်များကို နှစ်သိမ့်ကြေးအနေနှင့် အမှတ် ၂၀ သာပေးခဲ့လေသည်။ ဒီမထင်မှတ်ဘဲရလာသည့်ဆုမှာ ခြောက်ခြားဖွယ်ရာ အစုံအလင်နှင့် သိပ်မဆိုင်လောက်ဘဲ လျှို့ဝှက်ချက်တစ်ခုခုရှိနေမည်ဟု ရှဲ့ချီ ခံစားမိနေခဲ့သည်။

စားပွဲပေါ်တွင် ယခုရှိနေသော ဓားမြှောင်ကို ရှဲ့ချီကြည့်လိုက်သည်။ ဓားမြှောင်လို့ပဲခေါ်ရမလား ဓားလို့ပဲခေါ်ရမည်လား ရှဲ့ချီမသိ။ အရှည်နှင့် ပုံစံမှာ ဓားမြှောင်ကဲ့သို့ပင်ဖြစ်သော်လည်း ဓားသွားမှာ ငွေနက်ရောင် လခြမ်းလိုကွေးညွှတ်နေသည်။

ဓားမြှောင်ပေါ် အလင်းကျနေပြီး ဓားသွားမှာ အေးစိမ့်လွန်းသောကြောင့် မီတာ သုံး၊လေးဆယ်အကွာရှိ ရှဲ့ချီပင်လျှင် သူ့အသားရည်​ပေါ်နာကျင်မှုကို ခံစားလိုက်ရသည်။ ဓားသွားပတ်လည်တွင် ​အနက်ရောင်ခပ်မှိန်မှိန်လေထုက မြူခိုးသဖွယ်ရှိနေသည်။ တစ်ခါတစ်လေ ပြန့်ကျဲနေပြီး တစ်ခါတစ်လေ စုဆည်းနေသည်။ ယောက်သွားတစ်ကောင် ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည်နှင့်ပင် တူသေးသည်။ ထူးဆန်းပြီး မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုခုရှိနေလေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now