Arc 4 အပိုင်း {၇၅} (Z+U)

6.7K 1.5K 149
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၇)

UNICODE

[ခပ်ဝဝ စားဖိုမှူးက သေသွားပြီလား။]

[သရဲမရဲ့ အလောင်းလို့ ထင်ထားတာလေဟာ။]

[အဲ့ဒါဆို ခုနတုန်းက ရှဲ့ချီနဲ့ စကားပြောနေခဲ့တာက...]

[အဲ့ဒါကြောင့် အလောင်းကို မမြင်သလိုလုပ်သွားတာကိုး။ သူကိုယ်တိုင်က လူသေကောင်ကြီးပဲ။]

[ဝက်သားဖတ် စားဖိုမှူးပြောတော့ သူက ဒီကိုရောက်လာတာ မကြာသေးဘူးဆို။ အဲ့ဒါဆို ရှဲ့ချီကို လိမ်လိုက်တာပေါ့။ သူပြောခဲ့တာတွေက အမှန်တွေလား။ အမှားတွေလား။]

ခပ်ဝဝစားဖိုမှူးက ကြက်ဥအလားပင်။ သူ၏ ခေါင်းမှာ ​ခြေမနှင့်ထိနေပြီး ဘောလုံးတစ်လုံးလို လုံးကာ ဒရမ်ထဲ ထိုးထည့်ထားသည်။ ဒရမ်မှာ ရေနှင့်ဖြည့်ထားပြီး ခပ်ဝဝစားဖိုမှူး၏ ဖောင်းပွနေသော အသားမှာ ပေါလောပေါ်နေပြီး ပန်းပွင့်ဖြူများနှင့်ပင် တူနေသေးသည်။ သူ၏ ခေါင်းမှာ ဒရမ်၏ အလယ်တွင် ရောက်နေပြီး ဒူးနှစ်ဖက်ကြား ညှပ်နေသည်။

ရှယောင်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ပြီး မနည်းမတ်တပ်ရပ်ထားရသည်။ သူမ၏ မျက်နှာမှာ ဖြူဖပ်နေပြီး ရင်ဘတ်မှာ အထက်အောက် လျင်မြန်စွာ လှုပ်ရှားနေသည်။ "စားဖိုမှူးက သေသွားပြီ။ အဲ့ဒါဆို ကျွန်မတို့အတွက် ဘယ်သူက ချက်ပေးနေတာလဲ။ ခုနတုန်းက အပြင်ကို လမ်းလျှောက်ထွက်သွားတာ ဘယ်သူလဲ။"

ယိုကျင်မှာလည်း ချွေးပြန်နေသော်လည်း သူ့ကောင်မလေးက ဒီနေရာတွင် ရှိနေသည်။ သူ တွန့်သွား၍မရ။ ယိုကျင် အန်ချင်စိတ်ကို ထိန်းလိုက်ပြီး အလောင်းနားတွင် ငုတ်တုတ်ထိုင်ကာ စစ်ဆေးကြည့်ရန် ရှေ့သို့ တိုးလိုက်သည်။ သို့သော် ခပ်ဝဝ စားဖိုမှူး၏ ခေါင်းက ရုတ်တရက် တွန့်လိမ်သွားသည်။ ယိုကျင် ဘာမှမလုပ်နိုင်လိုက်ခင်တွင် ခပ်ဝဝစားဖိုမှူးက မျက်လုံးဖွင့်လာသည်။

ယိုကျင် ကြမ်းပေါ်လဲကျသွားပြီး ရှယောင်က အော်လိုက်သည်။

ယိုကျင်တစ်​ယောက် စားဖိုမှူး၏ ဗလာကျင်းနေသည့်မျက်လုံးများနှင့် ဆုံမိပြီး သူ့မျက်လုံးများမှာ မီးအလားနီရဲလာသည်။ မီးလိုပူပြင်းနေသော အပ်များနှင့် မျက်လုံးအား ထိုးစိုက်ခံရသည့်နာကျင်မှုကို အပြင်းအထန် ခံစားလိုက်ရပြီး ချက်ချင်းပင် လဲကျကာ အော်ဟစ်လေတော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now