Arc 5 အပိုင်း {၁၀၃} (Z+U)

6.2K 1.5K 82
                                    


ရှင်လျက်နှင့် ငရဲကျခြင်း (၅)

UNICODE

ပန်းချီကားမှာ အတော်ကို ရှေးဆန်ပြီး ကောင်းကောင်းထိန်းသိမ်းထားလေသည်။ ကြည့်ရတာ အဘိုးကြီးမှာ မကြာခဏဆိုသလိုပင် ထုတ်ပြီး ကိုင်ကြည့်ပုံရသည်။ ကားလိပ်က ချောချောမွေ့မွေ့ပင် ပြေကျလာပြီး စက္ကူတွင် ရှိသင့်သည့် အတွန့်အခေါက်များမရှိပေ။ ရှဲဲ့ချီ ဖြန့်ကြည့်လိုက်ပြီး အရုပ်ဆိုးလျက် ချစ်ဖို့ကောင်းသော အကောင်အားဆွဲထားသည်ကို တွေ့လိုက်ရသည်။

ထိုသတ္တဝါမှာ အလွန်ပုတိုပြီး ပြားချပ်ချွန်ထွက်နေသော ပါးစပ်ရှိသည်။ ဖားသဖွယ် ကျောက်စိမ်းရောင် ခန္ဓာကိုယ်၊ အလွန်ရှည်လျားသော လက်များ၊ သန်မာသည့် ကျောအခုံးနှင့် ကျောတွင် လိပ်ခွံရှိလေသည်။ ၎င်း၏ခေါင်းထိပ်မှာ ​ရေခံထား၍ရသော အပြားကဲ့သို့ ချိုင့်ဝင်နေသည်။ ပန်းချီကားမှာ မိုးရွာနေသောမြင်ကွင်းဖြစ်သည်။ အစိမ်းရောင်သတ္တဝါက ကြာရွက်အောက်တွင် ပုန်းနေပြီး အရွက်ပေါ်မှ ရေများက သူ့ခေါင်းထက်ရှိ အပြားပေါ်ကျမည်ကိုစောင့်နေလေသည်။ ရယ်ရသည့်ကိစ္စအလား ရယ်မောနေပြီး ၎င်း၏ နှုတ်ခမ်းထောင့်များမှာ နားရွက်ထိတိုင်တက်ချိတ်နေတော့သည်။

ပန်းချီကား၏ အောက်နားညာဖက်ထောင့်ရှိ လက်ရေးမှာ ရွဲ့စောင်းနေပြီး ခပ်ဝါးဝါးမြင်ရလေသည်။ က(ပ်)ပါဟု ရေးထားလေသည်။

ထိုသတ္တဝါကို ရှဲ့ချီသိသည်။ ထိုသတ္တဝါသည် ဂျပန်ဒဏ္ဍာရီထဲမှဖြစ်သည်။ ၎င်းတွင် ကောင်းမွန်​သော ရေအရည်အသွေး၊ ကြင်နာမှု၊ လူသားများနှင့် နီးစပ်မှုနှင့် ဖြူစင်မှုတို့ရှိလေသည်။ ရှဲ့ချီသည် သူ့မှတ်ဉာဏ်ထဲမှ ထိုဒဏ္ဍာရီလာသတ္တဝါ၏ အကျင့်များကို ရှာတွေ့လိုက်ပြီး အရင်တုန်းက အဘိုးကြီးပြောခဲ့ဖူးသည်ကို သတိရလိုက်သည်။ အဘိုးကြီးသည် ငရဲ၏ ကျပန်းအထပ်စနစ်ကို ပြောနေစဥ်တုန်းက မတော်တဆ က(ပ်)ပါ အကြောင်း ပြောမိလိုက်သည်။

ရှဲ့ချီ တွေးဆရင်း ခေါင်းငုံ့လိုက်သည်။ သူ့စိတ်ထဲ တစ်ခုခုပေါ်လာသည်။ အဘိုးကြီး ပြောပြချင်သည့်အရာမှာ က(ပ်)ပါ မွေးဖွားလာသည့်အကြောင်းဖြစ်သည်။ ဒဏ္ဍာရီအရ က(ပ်)ပါများသည် သူတို့ မွေးလာချင်၊မမွေးလာချင်ကို ဆုံးဖြတ်နိုင်ကြသည့် သတ္တဝါများဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now