Arc 3 အပိုင်း {၆၀} (Z+U)

6.5K 1.5K 225
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၅)

UNICODE

ရှဲ့ချီ ဘော့စ်ပြောသည့်အတိုင်း အရုပ်ကို အောက်ချလိုက်ပြီးနောက် ဂိမ်းလည်း တရားဝင် စတင်တော့သည်။

ဖက်တီးက မေးလာသည်။ "ငါ မင်းနဲ့ အတူပြေးရမလား။ ခွဲပြေးကြမလား။"

ရှဲ့ချီက ခဏစဥ်းစားလိုက်ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။ "ခွဲပြေးကြမယ်။"

တူတူပုန်းတမ်းကစားရာတွင် နှစ်​ယောက်အတူ လမ်းလျှောက်သွားပါက အရမ်းထင်းလေသည်။ ဖမ်းမိသွားသည်နှင့် နှစ်ယောက်လုံး ပွဲသိမ်းပြီဖြစ်သည်။ သူတို့ တစ်လမ်းစီသွားကြပါက သရဲလည်း ခွဲရှာရမည်ဖြစ်သည်။ သရဲက တစ်ယောက်ကို လိုက်ရှာနေပါက ကျန်တစ်ယောက်အတွက် အသက်ရှူချိန်ရမည်ဖြစ်သည်။

App က ပေးထားသည့် NPC အဖော်ကို ရှဲ့ချီ မယုံကြည်ပေ။ သူ့ကို ဝန်ပိုစေသည့်လူများကို သူမုန်းပြီး ဖက်တီးက အရင်တစ်ခါကလည်း လန့်သွားကြောင်းပြခဲ့သည်။ အချိန်မရွေး ပြဿနာတက်သွားနိုင်သည့် ထိုပါတနာကို ရှဲ့ချီ သူ့ဘေးတွင် မရှိစေချင်။

သူ့ ကိုကို ရှိနေရုံနှင့် သူ့အတွက် လုံလောက်ပြီဖြစ်သည်။

ဖက်တီးက စက္ကန့် အနည်းငယ်ကြာ အံဩသွားပြီးမှ နားလည်သွားသည်။ "အာ ကောင်းသားပဲ။ ခွဲသွားပြီး တစ်နာရီကြာရင် ဝင်္ကပါ ဝင်ပေါက်မှာ ပြန်တွေ့ကြတာပေါ့။"

ဖက်တီးက အတည်ပေါက်ယူဟန်မတူဘဲ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းထဲ ပြုံးပြလိုက်သည်။ "ဘော့စ် ကျွန်တော်ပုန်းတော့မယ်။ မြန်မြန် သရဲကို လိုက်ဖမ်းခိုင်းလိုက်တော့။ ဟီးဟီး။"

ရှဲ့ချီက သူ့ကို ဂရုမစိုက်တော့။ ရှဲ့ရှင်းလန်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး မှန်သားဝင်္ကပါ၏ အတွင်းထဲသို့ အမြန်ဝင်သွားလိုက်သည်။

ရှဲ့ချီတွင် လောလောဆယ် မေးခွန်းများ များစွာရှိနေသော်လည်း ပုန်းချိန်က သုံးမိနစ်သာရှိလေသည်။ သုံးမိနစ်ကြာပြီးနောက် သရဲရောက်လာပြီး သူတို့ကို လိုက်ဖမ်းလိမ့်မည်။ သူ့မှာ စဥ်းစားရန် အချိန်မရှိ။ ကံကောင်းစွာပင် သူ့ခန္ဓာကိုယ်ကို သူ့ကိုကိုဆီအပ်ထားလို့ရပြီး မေးခွန်းပေါင်းစုံကို ထိုင်တွေးနေလို့ရလေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now