အပိုင်း {၉၈} (Z+U)

8.1K 1.5K 41
                                    

အရည်အသွေး

UNICODE

အဲ့လောက်ကောင်းတယ်လား။

ရှဲ့ချီ ပျော်သွားဟန်နှင့် မျက်ခုံးကိုပင့်လိုက်သည်။

ပိုအားကြီးသည့် ပြိုင်ဖက်နှင့်တိုက်ခိုက်သည့်အခါတွင် အင်အားတိုးလာနိုင်သည်။ အကန့်အသတ်ရှိပုံရသော်လည်း ကိုယ့်ထက်အားနည်းသူကို တိုက်သည့်အခါတွင် အင်အားတိုးစရာလည်း မလိုအပ်ပေ။ ပိုအားကြီးသည့် ရန်သူနှင့် တိုက်ခိုက်ရသည့်အခါမှသာလျှင် အင်အားတိုးလာဖို့ လိုလေသည်။

နတ်ဆိုးစက်ကွင်း၏ မသိရသေးသော သက်ရောက်မှုလည်း ရှိသေးသည်။ အင်အားကိုတိုးပေးပြီး အဆင့်မြှင့်လို့လည်း ရသေးသဖြင့် သုံး၍ကုန်နိုင်သော သရဲကားအိုင်တမ်နှင့် လဲလိုက်ရသည်မှာ တန်လေသည်။ ဘက်ဖ်၏ အင်အားမှာ ရှဲ့ရှင်းလန် ဖြစ်လိမ့်မည်။ ရှဲ့ချီ စလိုက်သည်။ "ကိုကိုရေ၊ တကယ်ကောင်းတာပဲ။"

ရှဲ့ရှင်းလန် ချောင်းဟန့်ကာ စကားလမ်းကြောင်းလွှဲသည်။ "အဖြူဟာကိုကော မသိချင်ဘူးလား။"

"ကျွန်တော် အမှတ် ၅,၀၀၀ ရရင် သိရမှာပဲလေ။"

ရှဲ့ချီ ရုတ်တရက် တည်သွားသည်။ "ဒါပေမဲ့ ကျွန်တော်တို့မှာ ကိုယ်ရည်ကိုယ်သွေး ရှိလာပြီဆိုတော့ နောက်ကျရင် တစ်ခြားသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း သတိထားဖို့လိုလာပြီ။"

သူ့တွင် ၃,၃၆၈ မှတ် ရှိသည်။ နောက်ပိုင်းဇာတ်ကားများတွင် အမှတ် ၅,၀၀၀ ကျော်ရှိသော သရုပ်ဆောင်များကို မတွေ့ဖို့ရာ မဖြစ်နိုင်ပေ။ အမှတ် ငါးထောင်ပြည့်သွားသည့် သရုပ်ဆောင်များသည် နိုးထရန် လိုအပ်ချက်များပြည့်စုံသည်နှင့် အမှတ်များသုံးပြီး ကိုယ်ရည်ကိုယ်သွေးကို ဖွင့်လိုက်၍ရသည်။ သူ့ကိုယ်ရည်ကိုယ်သွေး တိုးလာမှုက မသေးပေ။ တစ်ခြားသရုပ်ဆောင်များ၏ ကိုယ်ရည်ကိုယ်သွေးသည်လည်း သူ့ထက်အားမနည်းလောက်။ သူက အကျိုးမြတ်ရပြီး သူ့ကိုယ်ရည်ကိုယ်သွေးကို စောစောစီးစီး ဖွင့်နိုင်လိုက်ခြင်းဖြစ်သည်။ အရမ်းကြီး ဝမ်းသာနေ၍လည်း မဖြစ်သေး။

ရှဲ့ရှင်းလန်မှာ သူ့အတွေးများကို နားလည်ပြီး ဖြေလိုက်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now