Arc 4 အပိုင်း {၇၈} (Z+U)

6.4K 1.5K 247
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁၀)

UNICODE

မြူငွေ့များထဲမှ ဖြူစုတ်နေသော လက်တစ်ဖက်ဆန့်ထွက်လာပြီး သွားကို တောင်းနေသည်။ တစ်ချိန်တည်းတွင် မျက်နှာကလည်း တိတ်တဆိတ်ချဥ်းကပ်လာနေသည်။ အရုပ်ဆိုးပြီး ထိတ်လန့်ဖွယ်ရာပါးစပ်ကြီးက အာငွေ့မှုတ်ထုတ်လိုက်ပြီး အနံ့ဆိုးကြီးက လုမင်၏ လည်ပင်းဘေးဖက်ကို ပက်ဖြန်းသွားသည်။

သရဲသည် အဆိပ်ပြင်းမြွေတစ်ကောင်အလား သားကောင်ကို ကစားနေပြီး ကြောက်ရွံ့မှုကို စားသုံးနေသည်။

လုမင်၏ ဒူးခေါင်းမှာ ညွတ်ကျချင်နေကာ လည်ပင်းသည်လည်း အလွန်အမင်းကျုံ့ဝင်နေသည်။ အသက်ရှင်နိုင်မည့်နေရာက ပျောက်ကွယ်နေပြီး သေရမည်ကို ကြောက်စိတ်က လောက်သဖွယ်ဖြစ်လို့နေသည်။ သူ၏ မျက်လုံးများကို မှိတ်ထားလိုက်ကာ သူ့ရှေ့က အိပ်မက်ဆိုးလို မြင်ကွင်းကို ရှောင်နေရန် ကိုယ့်ကိုယ်ကို လှည့်စားနေလေတော့သည်။ နောက်ဆုံးတွင် ပြိုလဲသွားတော့သည်။ "ပေးပါ့မယ်။ ကျွန်တော့်ကို မသတ်ပါနဲ့။"

သူ၏ လက်သီးဆုပ်ကိုဖြေလိုက်ပြီး လက်ဖဝါးထက်ရှိ သွေးစွန်းနေသော သွားမှာ အဖြူရောင်အလင်းမှိန်မှိန် ထွန်းလင်းနေသည်။ သရဲ၏ လက်ကချက်ချင်းပင် သွားကို လှမ်းယူလိုက်ပြီး ၎င်း၏မျက်လုံးများမှာ လောဘ၊ ယုတ်မာမှုနှင့် ပီတိတို့ဖြင့် ပြည့်နေသည်...

ဘာသံမှမရှိတော့ဘူးလား။ သရဲ ထွက်သွားပြီလား။

သူ့နားထဲတွင် တိတ်ဆိတ်မှုသာ ရှိနေသည်။ လုမင် သူ့လက်များကို ကွေးညွှတ်ထားရင်း ပိတ်ထားသည့် မျက်လုံးများကို အနည်းငယ်ဖွင့်လိုက်သည်။ ချောင်းကြည့် ကြည့်လိုက်မိတော့မည့်အချိန်တွင် သူမြင်လိုက်ရသည့်အရာကြောင့် သေမတတ် လန့်သွားရသည်။

ရေငွေ့အများစုမှာ ပျောက်ကွယ်သွား​ပြီဖြစ်သည်။ ပြတင်းပေါက်ဘောင်နားတွင် သရဲသည် သူမ၏ ပါးစပ်ကို အကျယ်ကြီး ဟထားသည်။ ကျယ်လွန်းသဖြင့် သူမပါးစပ်တောင် ပြဲထွက်တော့မည့်မတတ်ပင်။ သရဲမသည် ပါးစပ်ပြဲသေထားသည့်မိန်းမအလား သွားမစုံသော သူမ၏သွားဖုံးထဲသို့ သွားကို စိုက်ထည့်နေသည်။ ကြိုးစားကြည့်ပြီး နေရာကို အတည်ပြုပြီးသောအခါ အားနှင့် ဖိစိုက်လိုက်တော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now