၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁၇)
UNICODE
[ဒါကြီးက အလွဲလွန်သွားတာမဟုတ်ဘူးလား။ အထီးကနေ အမတဲ့လား။]
[ငါတော့ အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။ တကယ်တမ်း ဘယ်သူမှ သရဲထီးကို မမြင်ဖူးကြဘူးလေ။ အကုန်လုံးက စားဖိုမှူးနဲ့ လူသားစားသရဲ ပြောပြလို့ချည်းပဲ။ သေပြီးသားလူနဲ့ သရဲ ပြောပြတဲ့ဟာကို မင်းယုံမှာလား။]
"သွားဖွက်ထားတဲ့ သရဲ ရှိတယ်ဆိုတာ ငါပိုပြီးတော့ သေချာသွားပြီ။ ဘာလို့လဲဆိုတော့ တိရစ္ဆာန်အဖွဲ့က လူတစ်ယောက်တည်းကိုပဲ ကာကွယ်ပေးနိုင်ပြီး သရဲမကကျ တစ်ခြားသရုပ်ဆောင်တွေကို ကာကွယ်ပေးလို့မရဘူး။ သွားဖွက်ထားတဲ့ သရဲရဲ့ တည်ရှိမှုကို ပြောင်းပြန်တွန်းကြည့်ရင် သက်သေပြနိုင်တယ်။ တကယ်လို့ တံဆိပ်တွေအားလုံးကို မစုလိုက်နိုင်ဘဲ တိရစ္ဆာန်အဖွဲ့ရှုံးသွားမယ်ဆိုရင် သရဲမအဖွဲ့ကို တားလို့မရတော့ဘူး။ နောက်ဆုံးရလဒ်က ကျောက်ကျင်ဟွာကလွဲ ရှိသမျှ သရုပ်ဆောင်အကုန် သေမှာပဲ။ App က အဲ့လောက် ခက်ခက်ခဲခဲ အသက်ရှင်ရမှာမျိုးကို မလုပ်ထားလောက်ဘူး။ ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဘယ်သူက တိရစ္ဆာန်အဖွဲ့ကို ဖွင့်နိုင်ဖို့ လိုတာရအောင် အလောင်းရဲ့ ကျန်တဲ့ဦးနှောက်တစ်ဝက်ကို သွားရှာမှာလဲ။"
ရှဲ့ချီ မှန်သည်ဟု ယွမ့်ဇျဲ တွေးမိသည်။
ရှဲ့ချီက ဆက်ပြောသည်။ "တိရစ္ဆာန်အဖွဲ့ကို ဖွင့်ဖို့ရာ လိုတဲ့အခြေအနေက အရမ်းကိုခက်တယ်။ အဓိကလမ်းကြောင်းထက်စာရင် ကိတ်ရဲ့ခရင်န်လို ခပ်သေးသေးကိစ္စလေးပဲ။ တကယ့် အဓိကဟာက သွားဖွက်ထားတဲ့ သရဲအဖွဲ့ဖြစ်လိမ့်မယ်။ ပြီးတော့ App က စကားလှည့်ထားတယ်ဆိုကတည်းက သရုပ်ဆောင်တွေကို တစ်ဖွဲ့ထက်ပိုပြီး ဝင်ခွင့်ပြုနေတာပဲ။ အဲ့ဒါကပဲ သရဲမအဖွဲ့နဲ့ တစ်ယောက်ပဲ ဝင်ခွင့်ပြုတဲ့ တိရစ္ဆာန်အဖွဲ့အပြင် တတိယမြောက်အဖွဲ့ရှိနေတယ်ဆိုတာကို ပိုပြီး သက်သေပြနေတာပဲ။"
ယွမ့်ဇျဲနှင့် လုဝမ်၏ မျှော်လင့်ချက်များ ပြန်ရောက်လာသည်။
ရှဲ့ချီ သူ့လက်ပတ်နာရီဆီ ကြည့်လိုက်သည်။ မီးပိတ်ပြီးအိပ်ရတော့မည့်အချိန်မတိုင်ခင် ငါးမိနစ်သာရှိတော့သည်။ သူ ဆက်ပြီး တုံ့ဆိုင်းမနေတော့။ "သွားမယ်။ ငါတို့ ဆက်ပြီးအချိန်ဆွဲနေလို့မရဘူး။ မိန်းမအလောင်းဆီ ပြန်သွားကြမယ်။"
VOUS LISEZ
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorreurMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/
![ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]](https://img.wattpad.com/cover/250196836-64-k124562.jpg)