Arc 6 အပိုင်း {၁၃၁}(Z+U)

5.8K 1.3K 256
                                    

ဆေးရုံ (၁၂)

UNICODE

ယွမ့်ဇျဲ မျက်တောင်အတင်းခတ်ကြည့်ကာ သူမြင်နေရသည်မှာ မှန်မမှန် အတည်ပြုလိုက်သည်။ ရှဲ့ချီသည် တကယ်ကို ယိဟယ်စုန့်၏ ပခုံးပေါ် သူက လက်တင်ထားထားသည်။ ယိဟယ်စုန့်မှာ ရှဲ့ချီထက် နည်းနည်းပိုအရပ်ရှည်သောကြောင့် ရှဲ့ချီ မှီတွယ်ထားသည်ကို ခံနိုင်ရန်အတွက် နည်းနည်းရှေ့သို့ ခါးကိုင်းပေးထားရလေသည်။

သရုပ်ဆောင်များအားလုံး အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှဲ့ချီဆီ သူတို့၏အကြည့်များက ပိုပြီးကြောက်ရွံ့လာကြသည်။ ယိဟယ်စုန့်သည် ပိုးအိမ်ကို သုံးလိုက်သောကြောင့် သေချာပေါက် ရှဲ့ချီကို သတ်ရန်ဆုံးဖြတ်ထားသည်ပဲ ဖြစ်လိမ့်မည်။ ရှဲ့ချီ သေသွားလောက်ပြီဟု သူတို့အားလုံး ထင်ခဲ့သော်လည်း မထင်မှတ်စွာပင် ဤမျှလောက်သော ပြဿနာကြီးကို ရှဲ့ချီက ဖြေရှင်းနိုင်ခဲ့သည်။ ယိဟယ်စုန့်၏ စိတ်ထားသည်လည်း ၁၈၀° ပြောင်းလဲသွားလေသည်။

ယိဟယ်စုန့်မှာ နေရခက်လာသည်။ သူ၏ သွားများမှာ အမုန်းတရားကြောင်း ယားယံနေပြီး ခေါင်းငုံ့ကာ တီးတိုးပြောလိုက်သည်။ "မင်း ရပ်လို့ရပြီ။"

သွယ်ဝိုက်ပြောနေသည်မှာ သရုပ်ဆောင်နေခြင်းကို ရပ်လိုက်ရန်ဖြစ်သည်။

"ကောင်းပြီလေ။" ရှဲ့ချီသည်လည်း ဒါကို ဆက်မလုပ်ချင်တော့ပေ။ ပခုံးတွန့်လိုက်ပြီး ဖြည်းဖြည်းချင်း သူ့လက်မောင်းကို ဖယ်ပေးလိုက်သည်။ ခေါင်းကို ဘေးသို့ငှဲ့ကာ ရှဲ့ယန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပေးလိုက်ပြီးမှ နည်းနည်းပြုံးပြလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ်ကွေးတက်သွားသော်ငြား သူ၏မျက်လုံးများထဲတွင်တော့ အပြုံးရှိမနေပေ။ လှောင်ပြောင်နေမှုကို ဟန်ဆောင်ပန်ဆောင်နှင့်ပင် ဖွက်မထားခဲ့တော့။

ရှဲ့ယန်မှာ ယိဟယ်စုန့်၏ နောက်လိုက်လေးဖြစ်သည်။ ယိဟယ်စုန့်တွင် သူ၏ ရုတ်တရက်ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်ရှိလောက်ပြီး ထိုသည်က ရှဲ့ချီကို မုန်းသည့်ရှဲ့ယန်နှင့် တစ်နည်းနည်း သက်ဆိုင်နေလိမ့်မည်။ ရှဲ့ချီသည် မျက်နှာပြောင်သည့် ဗီလိန်များကို မမုန်းပေ။ သူအမုန်းဆုံးမှာ နောက်ကွယ်ကနေ သွေးထိုးပေးနေတတ်သည့် ဗီလိန်အသေးစားများကို ဖြစ်လေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now