Arc 7 အပိုင်း {၁၆၁} (Z+U)

4.7K 983 81
                                    

တားရော့ ဂိမ်း (၁၁)

UNICODE

[ဖာ့ခ်....]

[ရှဲ့ချီက ဘယ်အဆင့်ထိတောင် ရောက်နေတာတုန်းဟ။]

[အရမ်းမိုက်လိုက်တာ!!!]

[ဇာတ်ကားဧကရာဇ်အသစ်အတွက် ငါ့ရဲ့စိတ်အားထက်သန်မှုတွေက အခု ရှဲ့ချီဆီ ရောက်ကုန်ပြီ။ စိတ်ကူးယဥ်ချင်စရာကောင်းလိုက်တာ!]

[ရှဲ့ချီက ရှန်ယိထက် ပိုတော်တယ်။ ဖေဖေရှန်ယိက အတိုက်ခိုက်ရပေမဲ့ ရှဲ့ချီရဲ့ စိတ်က အကျိုးနည်းပဲ။ ဒါလူကောဟုတ်သေးရဲ့လား။]

[လုံးဝ ရှုပ်သွားပါပြီ။]

[ကျန်းရှော့က အကောင်ကြီးလိုမျိုး လှုပ်ရှားတော့မယ်ထင်တာ...အခုကျ ဘာလို့အရမ်းမှိန်သွားရတာလဲ။]

[မယှဥ်ကြည့်လည်း ရတယ်လေနော်။]

[မင်းတို့တွေ ဟာသပဲ။ ရှေ့ကရောက်နေတော့ကော ဘာဖြစ်လဲ။ ဇာတ်ကားဧကရာဇ်က ရှဲ့ချီကို စောသတ်ချင်သွားရင် မြေပေါ်ပြားပြားဝပ်သွားမှာ ရှဲ့ချီမဟုတ်ဘူးလား။ အကြွင်းမဲ့ လက်ရုံးရည်ရှေ့မှာ နှလုံးရည်က သာမညပဲ။]

[ဟုတ်တယ်။ ရှဲ့ချီမှာ အနီရောင်အိုင်တမ်တောင် ရှိလို့လား။ ဒီ ဘရိန်းချောင်နေတဲ့အုပ်စုကတော့။ ဒ်ီမေရာက ဉာဏ်ရှိရုံနဲ့တင် နိုင်မဲ့နေရာလား။ အင်အားသာမရှိရင် လေတစ်လုံးမိုးတစ်လုံးပဲ ပြောလို့ရမယ်။]

[ဇာတ်ကားဧကရာဇ်ကို ရှိခိုးဦးတိုက်နေကြတဲ့ ဒီအုပ်စုက ဘယ်ကရောက်လာတာလဲ။ မတ်တပ်မရပ်နိုင်ကြတော့တာမလား။ ဟုတ်တယ်မလား။]

[အဲ့လောက် ဆိုးဆိုးဝါးဝါးကြီး မပြောလို့ရမလား။ ဒါက ချက်ကျလက်ကျလေ။]

[ချက်ကျလက်ကျ? ကြည့်ထားစမ်းပါ။ မင်းက ရှဲ့ချီကိုယ်တိုင်မှ မဟုတ်တာ။ ဘာချက်ကျလက်ကျမှ မသိဘဲနဲ့။]

[နင့်ထက်တော့ ရှင်းရှင်းလင်းလင်း ပိုသိတယ်ဟဲ့။]

[ကန်းနေကြတာလား။ ရှဲ့ချီက ကျော်တက်နေတယ်ဆိုတာ ချက်ကျလက်ကျပဲလေ။]

['ယာယီ' ကျော်တက်နေတာပါ။ ကျေးဇူး။]

[မဆူကြပါနဲ့တော့ဟ။ စိတ်ပျက်စရာတွေ။ တိတ်တိတ်လေးနေပေးလို့ မရကြဘူးလား??]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now