Arc 7 အပိုင်း {၁၅၉} (Z+U)

4.4K 993 97
                                    

      တားရော့ ဂိမ်း (၉)

UNICODE

      ရှဲ့ချိုးယင်ကို ခြစ်ထုတ်လိုက်ခြင်းဖြင့် လူ တားရော့ကတ်များမှာ သရုပ်ဆောင်များနှင့် တစ်​ယောက်ချင်း ဆက်စပ်ကိုက်ညီနေသည်ဟု မှတ်ယူနိုင်လေသည်....

        ယွမ့်ဇျဲ၏ နှလုံးမှာ ကဆုန်ပေါက်ခုန်တော့သည်။

        [ဘုရားရေ!!!]

        [ငါက ရှုထောင့်အစုံကနေ မြင်ရတာလေ။ ရှဲ့ချိုးယင်မှာ ပြဿနာရှိနေတာကို ဘာလို့မမြင်ခဲ့ရတာလဲ???]

        [ဖာ့ခ် ရှဲ့ချီက မိုးကောင်ကင်မျက်လုံးပွင့်နိုင်တဲ့ နတ်ဘုရား အာ့လန်(နဖူးအလယ်တွင် အမှန်တရားကို မြင်နိုင်သော တတိယမျက်လုံးရှိသည့် တရုတ်နတ်ဘုရား)များလား။]

        [ဒါ တကယ်ကြီးလား။ အတုလား။ ဖာ့ခ်  လျောင်းဝမ် သေသွားတာကျတော့ကော။]

        [ရှဲ့ချိုးယင် လုပ်ခဲ့တာလား။]

        [မဟုတ်ဘူး။ အဲ့လိုသာဆိုရင် ရှဲ့ချီက ကျန်းရှော့ထက် နည်းနည်းမြန်နေတာပေါ့။]

        [နေအုံး။ ငါနည်းနည်း မူးသွားပြီ။ ဝူးဝူးဝူး အခုထိ မရှင်းသေးဘူး။]

        ယဲ့ရှောင့်ရှောင့်မှာ မည်သူမှ မရှိမှန်းသေချာအောင် ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ ချီတုံချတုံ ဖြစ်နေပြီးမှ သူမ မရှင်းသည်များကို မေးလိုက်သည်။ "ဘာလို့ ရှဲ့ချိုးယင်ပဲ ဖြစ်ရတာလဲ။"

        ဆက်ပြောမည့်စကားများကို သူမ သေချာစီလိုက်သည်။ "သရုပ်ဆောင်တွေထဲမှာ အသက်ရှင်နေသေးတဲ့ မင်းသမီးတွေက ကျွန်မရယ်၊ လျောင်ကျန်းရယ်၊ အတွဲက မိန်းကလေးရယ်နဲ့ ရှဲ့ချိုးယင်ရယ်လေ။ အားလုံးပေါင်း မင်းသမီးလေးယောက်ရှိတာ။ စုံတွဲထဲက တစ်ယောက်ကို ဖယ်လို့ရတာက သူတို့အတွဲက ချစ်သူများကတ်ရဲ့ ပုံစံတွေနဲ့ သွားကိုက်နေတာကိုး။ ဒါပေမဲ့ ဘာလို့ ရှဲ့ချိုးယင်ကျတော့ မိန်းကလေးကတ်တွေထဲက တစ်ယောက်မဖြစ်သွားဘဲ ကျွန်မနဲ့ လျောင်ကျန်းကျပြန်တော့လဲ အပိုလူ ဖြစ်မနေရတာလဲ။ လျောင်ကျန်းနဲ့ ကျွန်မက ပြဿနာရှိနေတာ ဘာလို့မဖြစ်နိုင်ရတာလဲ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now