အပိုင်း {၂၉} (Z+U)

8.8K 1.6K 99
                                    


UNICODE

ဖုတ်သရဲ ချစ်သူ အပိုင်း (၁၂)

တောက်ဆရာ ရွှမ်ချန်၏ အလောင်းအဆိပ်အား ဖြေရှင်းပြီးသည့်နောက် ကျန်ရှိနေသည့် သရုပ်ဆောင် ခြောက်ယောက်က အခေါင်းကို သယ်ကာ ခရီးဆက်ကြတော့သည်။

ဇာတ်ကားထဲတွင် သုံးရက်ကျော် အချိန်ကုန် သွားခဲ့ပြီဖြစ်သည်။

တောက်ဆရာရွှမ်ချန်မှာ နည်းနည်းစိတ်လောနေပုံရသည်။ အလုပ်ရှင်က သူ့တို့အိမ်ကို ဩဂုတ် ၁၅ ရက်မတိုင်ခင် အခေါင်းကိုရောက်အောင် ပို့ပေးဖို့ပြောထားတာကို အခု တည်းခိုခန်းမှာတင် တစ်ရက်နောက်ကျသွားရပြီ။ သတ်မှတ်ထားတဲ့ရက်ရောက်ဖို့ သုံးရက်ပဲ ကျန်တော့တယ်။ နေ့ရောညပါ အလုပ်လုပ်ရတော့မယ်ထင်တယ်။ မင်းတို့ ပင်ပန်းကြဦးမှာပဲ။"

တောက်ဆရာ ရွှမ်ချန် စကားပြော၍ ပြီးသွားသောအခါ သရုပ်ဆောင်များ၏ ဖုန်းမှ အသံမြည်လာသည်။

[ဇာတ်ကြောင်းကို ​ရှေ့ဆက်ပြီးပါပြီ။ သုံးရက်အတွင်း အခေါင်းအား အလုပ်ရှင်အိမ်သို့ပို့ပေးရန်။ ခရီးသွားချိန်သည် ငါးဆပိုမြန်မည်ဖြစ်သည်။]

တစ်ဖွဲ့လုံးခေါင်းညိမ့်လိုက်ပြီး စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။ အရှိန်ငါးဆနှုန်းနှင့် အချိန်ကုန်မည်ဆိုပါက နေ့ရောညပါ ခရီးသွားရလည်း သိပ်ပင်ပန်းမည်မဟုတ်ပေ။

ရှဲ့ချီ၏ အာရုံက အမြန်နှုန်းတွင်မဟုတ်ခဲ့ပေ။ သူ အခေါင်းသယ်ရမည့် အလှည့်မဟုတ်သေး၍ တောက်ဆရာ ရွှမ်ချန် နားသို့သွားလိုက်ပြီး ပုံမှန်အတိုင်း မေးလိုက်သည်။ " ဆရာ၊ ဩဂုတ် ၁၅ ရက်နေ့ အရောက်ပို့ရမယ်ဆိုရင် အလုပ်ရှင်က ဆရာ့ကို ဘယ်နှစ်ရက်အချိန်ပေးလိုက်တာလဲ။"

ရွှမ်ချန်က ပြန်ဖြေသည်။ " ကိုးရက်ပေးလိုက်တာ။ မြန့်တောင်တန်းတွေဆီကို ရောက်ဖို့က သုံးရက်ကြာတယ်လေ။ ပြီးမှ ဖြည်းဖြည်းချင်း အခေါင်းကို သယ်ရတာကို တည်းခိုခန်းမှာ ခရီးနှောင့်သွားတာလေ။ စိတ်မကောင်းစရာပဲ။ အဲ့ဒါကြောင့် အမြန်သွားရမယ်။ "

ရှဲ့ချီ ခေါင်းငြိမ့်ပြလိုက်သည်။

တောက်ဆရာရွှမ်ချန်သည် အမြဲ ရုပ်တည်ကြီးနှင့် နေသော်လည်း သွေးအေးရက်စက်တတ်သူမျိုး မဟုတ်ပေ။ ရှဲ့ချီသည် သူ့အားသွားချေမှုန့်ရှာလာပေးသည့် ပထမဆုံးတပည့်ဖြစ်သည်ကို သတိတရရှိသောကြောင့် ရှဲ့ချီအား မျက်နှာသာပေးလေသည်။ ယခု ရှဲ့ချီမေးသောအခါ သူ့မကျေနပ်ချက်မှန်သမျှ ထုတ်ပြောပြတော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now