Arc 4 အပိုင်း {၈၂} (Z+U)

6.1K 1.5K 144
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁၄)

UNICODE

ယိုကျင်သည် ကော်ရစ်ဒါတစ်လျှောက် လမ်းလျှောက်ရင်း အခန်းတိုင်းကို တံခါးခေါက်လာသည်။ သရုပ်ဆောင်များက သတိကြီးကြီးနှင့် တံခါးဖွင့်လာကြသည်။ ယိုကျင်ကို တွေ့လိုက်ကြပြီး ကျောက်ကျင်ဟွာကြောင့် တစ်ယောက်ပြီးတစ်ယောက် တံခါးဖွင့်ပေးလိုက်ကြသည်။

သရုပ်ဆောင် သုံးယောက်သေသွားပြီဖြစ်ပြီး ဆယ်ယောက် ကျန်သေးသည်။ ရှဲ့ချီအဖွဲ့ထဲရှိ သုံးယောက်ကို ဖယ်လိုက်ပြီး ကျန်သည့်ခုနစ်ယောက်လုံး ကော်ရစ်ဒါထဲတွင် သိပ်မကြာမီလာစုကြသည်။ ရှယောင်သည် ထောင့်နားရှိ အခန်းကို အလိုအလျောက်ကြည့်လိုက်မိသည်။ ယိုကျင်သည် ရှဲ့ချီနှင့် အခြားသူများကို ဒီအတွက် မခေါ်ထားသေး။ သူတို့ကို တစ်ခုခုလုပ်ဖို့များ အသင့်ဖြစ်သွားတာလား။

"ငါတို့နဲ့ လိုက်ခဲ့ကြပါ။" ယိုကျင်က ပြောသည်။

တစ်ဖွဲ့လုံးက သံသယများနှင့် လိုက်သွားကြပြီး လှေကား လက်ရန်းနားရောက်လာကြသည်။

"အင်း ဘာဖြစ်လို့လဲ။" ကြောက်လန့်နေသည့် မင်းသမီးတစ်ယောက်က သတိထားသည့် အမူအရာနှင့် ကပ်ဖားလျက်ဖားပြောသည်။

လေးယောက်လုံး ကျောက်ကျင်ဟွာ၊ ယိုကျင်နှင့် ရှယောင်တို့ သုံးယောက်အုပ်စုကို ကြည့်လိုက်ကြသည်။

ယိုကျင်က ကျောက်ကျင်ဟွာ၏ ခွင့်ပြုချက်ကို ရလိုက်ပြီး လည်ချောင်းကိုရှင်းကာ ညင်သာစွာ ပြုံးပြလိုက်သည်။ "ငါတို့ သဲလွန်စကောင်းကောင်းရထားပြီမို့ အကုန်လုံးကို ငါတို့နဲ့ ပူးပေါင်းစေချင်လို့ပါ။ ငါတို့နဲ့ ပူးပေါင်းလိုက်တာနဲ့ ငါတို့တွေ ဒီဇာတ်ကားထဲကနေ မကြာခင်ထွက်နိုင်ကြမှာပါ။"

လူတိုင်း၏ မျက်လုံးများ ဝင်းလဲ့သွားကြသော်လည်း လောကမှာ ဒီလောက်ကောင်းသည့် ကိစ္စမရှိလောက်ဟု တွေးမိကြသည်။ နောက်ထပ် နှစ်မိနစ်၊ သုံးမိနစ်အတွင်းတွင် ယိုကျင်က သူတို့ သရဲနှင့် ဆက်သွယ်ရခဲ့ကြောင်းနှင့် သရဲမက သူတို့ကို သွားရှာကူပေးရန် မည်သို့အကူညီတောင်းခဲ့ပုံကို သေချာပြောပြသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now