အပိုင်း ၂၀၁

7.1K 277 6
                                    

God of Slaughter (chapter - 201)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၁) ငါက မင်းအစ်ကိုကြီးပါ...

ရှီယုပိုင်က ရူးသွပ်သွားသည့်နှယ်ဖြစ်နေသည်။

သူက သတ္ထုမိုင်းတွင်းထဲတွင် ဖြစ်ပျက်ခဲ့သော ကြမ္မာဆိုးကို ရှီယန့်အပေါ် အပစ်ပုံချလိုက်သည်။

လှိုဏ်ခေါင်းထဲမှ ရှီယန့် အပြုအမူက သူ့ ဒေါသကို နှိုးဆွခဲ့သည်။
ယခု ရှီယန့် အမူအယာက သူကို ပိုပြီးတော့ပင် ဒေါသထွက်စေပြန်သည်။
ထို့ကြောင့် သူက ရှီယန့်ကို ပညာပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဟုချင်းမန်နှင့် ရှမ်းယီတန်းတို့က ပူဆွေးဝမ်းနည်းနေကြဆဲဖြစ်သည်။
ရှီယုပိုင်က ရှီယန့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်လာသည့်အချိန်တွင်တော့ သူမတို့က တားဆီးရန် အချိန်မမှီတော့ချေ။

သတ္တ၀ါကြီးတစ်ကောင်ပမာ ရှီယုပိုင်၏ ခန္ဓာကိုယ်က အ၀ါရောင် အလင်းတန်းများ ရုန်းကြွလာသည်။
တစ်ချိန်ထဲမှာပင် သူ၏ လက်ထဲတွင် ရွှေရောင်အလင်းလုံးများ ထွက်ပေါ်လာသည်။

ထို ရွှေရောင်အလင်းလုံးများက တော်တော်လေးကြီးမားပြီး အလွန်များပြားသော စွမ်းအင်များ သိပ်သည်းနေဟန်တူသည်။

ရှီယန့်အမူအယာက ချက်ခြင်းပြောင်းလဲသွားသည်။

ဘာမှ မစဉ်းစားတော့ပဲ ကျောက်ခန္ဓာသိုင်းဝိညာဉ်နှင့် အနက်ရောင် အလင်းလွှာကို ဖော်ထုတ်လိုက်လေသည်။
တစ်ချိန်ထဲမှာပင် ဒေါသမုန်တိုင်း ဒုတိယအဆင့်ကို ၀င်ရောက်သွားသည်။

ရှီယုပိုင်သည် ကမ္ဘာမြေ ဒုတိယအဆင့်ဖြစ်သည်။
ဒါက ရှီယန့်ထက် အဆင့်တစ်ဆင့် ပိုမြင့်နေသည့်အပြင် သူက ရုတ်တရက်ကြီး ပေါက်ကွဲတိုက်ခိုက်လာခြင်းဖြစ်သောကြောင့် ရှီယန်က ပေါ့ပေါ့ဆဆသဘောမထားဝံ့ပါ။

ရုတ်တရက် တိုးထွက်လာသော ပျက်သုန်းခြင်းကီများနှင့်အတူ ရှီယန့်အသွင်အပြင်က ပြောင်းလဲသွားသည်။
သူ့ပတ်ဝန်းကျင်တွက် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now